My Fair Lady FHD

My Fair Lady

Comedy Music Romance FHD 1964-12-01 7.5 170 Min

အခုစာဖတ်နေတဲ့သူတွေထဲမှာ English စာကိုလေ့လာနေတာကြာနေပြီဆိုပေမဲ့တချို့စကားလုံးတွေကို အသံထွက်မှန်မှန်မထွက်နိုင်တဲ့သူတွေရှိလား ။အခုပြောပြမယ့်ကားလေးက ၁၉၆၅ ခုနှစ် Academy Awards (Oscars) မှာMy Fair Lady ဇာတ်ကားက ဆု ၈ ဆု အောင်ရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။လန်ဒန်မြို့မှာ ပန်းရောင်းတဲ့ စကားပြောလေသံမမှန်တဲ့ Eliza Doolittle ဆိုတဲ့ကောင်မလေးရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာ။ သူကလည်း ကျွန်မတို့လိုပဲ စကားပြောတဲ့အချိန်တွေမှာEnglish Pronunciation အသံမှန်မှန်မထွက်နိုင်တဲ့ကောင်မလေးတစ်‌ယောက်ပေါ့။ပြောရမယ်ဆိုရင် ဆင်းရဲတဲ့မိသားစုကမို့ ပညာရေးကောင်းကောင်းသင်ကြားမလာခဲ့ရတဲ့သူပေါ့။စာမတတ်ပေမတတ်လေးတစ်ယောက်မို့ လန်ဒန်မြို့တစ်ခွင် ‌လမ်းမဘေးမှာပန်းလှည့်ရောင်းနေရတဲ့သူတစ်နေ့ သူ‌ပန်းရောင်းနေတုန်း သူ့အသံထွက်မမှန်တာကိုလိုက်မှတ်နေတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။အဲ့လူကတော့ ဘာသာစကားကျွမ်းကျင်တဲ့ ပါမောက္ခ Henry Higgins ဆိုတဲ့လူပဲ။ သူကအဲမှာလူတွေရဲ့ စကားပြောလေသံမှန်မမှန်ကိုလိုက်လေ့လာပြီး ဝေဖန်နေတဲ့သူပေါ့ ။ အဲနေ့မှာပဲEliza က Colonel Pickering ဆိုတဲ့ အိန္ဒိယဘာသာစကားမှာ‌ကျွမ်းကျင်တတ်မြောက်တဲ့သူတစ်ယောက်နဲ့တွေ့တယ်။  Higgins က Eliza ကိုလေသံမမှန်တော့အဲတာကြောင့်ဆင်းရဲနေတယ်ဘာညာ နှိမ့်ချဝေဖန်ပြောနေတာ ၊အဲ့အချိန် Pickering က Eliza ဘက်ကနေ ကူညီပြီးပြန်ပြောပေးခဲ့တာ ။အဲလိုနဲ့သူတို့သုံးယောက်ဆုံကြတာနောက်ကျတော့ Higgins က Eliza ကို လေသံမှန်မှန်ထွက်နိုင်ရင် အသံထွက်မှန်ရင်ဘယ်လိုကောင်းတဲ့ဘဝရနိုင်တယ်၊ အဆင့်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်ပြောင်းလဲနိုင်တယ်ဆိုပြီး ပြောပြတယ် ။ အဲလိုတကယ်ဖြစ်မဖြစ်ကိုစမ်းသပ်ဖို့ Higgins နဲ့ Pickering က လောင်းကြေးထပ်ခဲ့ကြတယ်အဲအချိန်ကစပြီး Eliza က Higgins အိမ်မှာလိုက်နေရပြီးအဝတ်အစား ဝတ်ပုံ၊ နေပုံ ထိုင်ပုံ ပြောပုံဆိုပုံ၊ အဓိကကတော့သူရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်တွေတိုးတက်‌အောင်လေ့လာသင်ယူခဲ့ရတယ်။Eliza ကဆင်းရဲတဲ့သူဆိုပေမဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ဆိုလည်းဟုတ်တယ်။သူက Higginsသင်ပြပေးတာတွေကိုမနာခံချင်တဲ့အချိန်တွေလည်းရှိပေမဲ့သူအတတ်နိုင်ဆုံးကြိုးစားလုပ်ခဲ့တယ်။ ‌Eliza အနေနဲ့ရော ဘယ်လိုစိတ်ခံစားချက်တွေဖြစ်ပေါ်လာနိုင်မလဲ၊သူရဲ့ရလာတဲ့ဘဝအသစ်ကိုရောကျေနပ်ပါ့မလား၊ သူရဲ့ အချစ်ပုံပြင်လေးကရောဘယ်လ်ိုဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာကောင်းတယ်။နောက်ပိုင်းမှာတော့  Elizaကသူတို့လောင်းထားတဲ့အတိုင်းအင်္ဂလိပ်စကားပြောတိုးတက်လာရုံနဲ့ လူဝင်ဆန့်တဲ့သူဖြစ်လာမလား ၊သူတို့ရဲ့အစီအစဉ်အောင်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ဆက်ပြီးကြည့်ရမှာပါ။ဒီကားကပေးချင်တဲ့ အဓိကအကြောင်းအရာကတော့ ဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရင် လူတွေကအထင်ကြီးပြီးနေရာတစ်ခုရနိုင်ကြောင်းကိုဖော်ပြချင်တယ်လို့မြင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ရတာတန်တာမို့ Classic Movie ကြိုက်တဲ့ CM ပရိတ်တွေ‌တော့အကြိုက်တွေ့မယ်လို့ထင်တယ်Eliza Doolittleအဖြစ်  Audrey Hepburnကသရုပ်ဆောင်ထားပြီးProfessor Henry Higgins အဖြစ် Rex Harrisonကသရုပ်ဆောင်ထားပါတယ်၁၉၆၅ ခုနှစ် Academy Awards (Oscars) မှာ My Fair Lady ဇာတ်ကားက ဆု၈ ဆုရရှိခဲ့တဲ့ဆုတွေကိုဖော််ပြပေးလိုက်ပါတယ်1 . Best Picture Award2. Best Director (အကောင်းဆုံးဒါရိုက်တာဆု) – George Cukor3. Best Actor(အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု) – Rex Harrison (Professor Higgins အဖြစ်)4. Best Cinematography award – Harry Stradling5. Best Art Direction – Color(အနုပညာအပြင်ဆင်အကောင်းဆုံးဆု)6. Best Costume Design – Color (ဝတ်စုံဒီဇိုင်းအကောင်းဆုံးဆု) – Cecil Beaton7. Best Sound award8.Best Score – Adaptation orTreatment (ဂီတဖန်တီးမှုအကောင်းဆုံးဆု) – André Previnဒီဆုတွေကြောင့် My Fair Lady ဟာ ရုပ်ရှင်သမိုင်းမှာ ထင်ရှားပြီးထိပ်တန်းဂီတရုပ်ရှင်တစ်ကားအဖြစ် နာမည်ကျော်ခဲ့ပါတယ်။