High School Musical 3: Senior Year FHD

High School Musical 3: Senior Year

Comedy Drama Family Music Romance FHD 2008-10-11 6.549 117 Min

Highschool Musical ရဲ့ ၃ကားမြောက်မှာလည်း ၁နဲ့၂ကသရုပ်ဆောင်တွေ အစုံအလင်ပြန်ပါလာပါတယ်။ဒီကားမှတော့ ထရိုင်နဲ့အိစ့်ဟိုက်က သူငယ်ချင်းတစ်သိုက်ဟာစီနီယာတန်းပြီးဆုံးပြီးကျောင်းတော်ကြီးကို ခွဲခွာရတော့မှာ ဖြစ်တာကြောင့်တက္ကသိုလ်တက်ရောက်ဖို့အတွက် လျှောက်လွှာတွေ အသီးသီးပြင်ဆင်နေကြပါတယ်။ဒီအချိန်မှာပဲ တစ်သက်လုံံးဘတ်စကတ်ဘောအတွက် ရှင်သန်လာတဲ့ထရိုင်ဟာ သူ့မှာနောက်ထပ် Passion တစ်ခုရှိနေမှန်းသိလာရပါတယ်။ဒါပေမယ့် သူ့ကို အောင်မြင်တဲ့ဘတ်စကတ်ဘောကစားသမားဖြစ်စေချင်တဲ့ဖခင်ဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းဒန်းဖို့တို့ကြောင့် အကြပ်ရိုက်ပြီးရွေးချယ်ရခက်နေပါတယ်။တစ်ဖက်မှာလည်း ထရိုင်ရဲ့ချစ်သူဂါဘရီရယ်လာကလည်းစတန်းဖိုဒ့်တက္ကသိုလ်မှာ ဥပဒေကျောင်းဝင်ခွင့် ရသွားတာကြောင့် ထရိုင်ဟာမူလရည်ရွယ်ထားတဲ့ အယ်ဘာတာတက္ကသိုလ်မှာ တက်ဖြစ်ခဲ့ရင်သူတို့ကမိုင်ပေါင်းထောင်ချီ ဝေးကွာသွားတော့မှာပါ။ဒီတော့ထရိုင်အနေနဲ့ မိသားစု၊သူငယ်ချင်းနဲ့ချစ်သူတို့ကြားမှာအကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်ချသွားနိုင်မလား၊ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာကိုဦးစားပေးသွားမလဲ၊တစ်သက်လုံးဦးစားပေးဖြစ်လာတဲ့ ဘတ်စကတ်ဘောကို ဝေးဝါးလာစေတဲ့ထရိုင်ရဲ့နောက်ထပ်Passionဆိုတာကကောဘာလဲ ကြည့်ရမှာဖြစ်ပါတယ်။ဒီကားဟာHighschool Musical Trilogy ရဲ့‌နောက်ဆုံးကားဖြစ်သလို ဇာတ်လမ်းအရလည်းထရိုင်နဲ့အိစ့်ဟိုက်ကျောင်းက သူငယ်ချင်းတစ်သိုက်ရဲ့အထက်တန်းကျောင်းနောက်ဆုံးနေ့ရက်တွေကိုချယ်မှုန်းပြသထားပါတယ်။High School Musical 3 ဟာ စာဒဏ်ကြောင့် အမှတ်တမဲ့ ပြီးဆုံးခဲ့ရတဲ့ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းကနေ့ရက်တွေကိုပြန်လည်အမှတ်ရစေမှာဖြစ်သလိုအထက်တန်းတက်ခဲ့စဉ်က ဆုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာကိုပြန်လည် မြင်ယောင်မိလာစေမယ့်ကားလေးလည်းဖြစ်ပါတယ်။