High School Musical ရဲ့ ပထမဆုံးကားအဖြစ် ၂၀၀၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ဒီဇာတ်ကားမှာတော့ Zac Efron နဲ့ Vanessa Hudgens တို့ ပါဝင်သရုပ်ဆောင်ထားပြီးအဆက်အဖြစ် HighschoolMusical 2 နဲ့3လ ည်း ထွက်ရှိထားပါတယ်။အထက်တန်းကျောင်းသားထရိုင် ဟာ နွေရာသီ Countdown Eve ရဲ့ကာရာအိုကေပွဲမှာ ဂါဘရီရယ်လာနဲ့ တွေ့ဆုံပြီး သီချင်းတစ်ပုဒ်ကိုတွဲဖက်ဆိုကြတာကနေ စဖွင့်ထားပါတယ်။ ကျောင်းဖွင့်ချိန်မှာတော့ဂါဘရီရယ်လာက ထရိုင်ရဲ့ အိစ့်ဟိုက်ကျောင်းကို တိုက်တိုက်ဆိုင်ဆိုင်ပြောင်းရွှေ့လာပါတယ်။ဂါဘရီရယ်လာကတော့စာပေထူးချွန်သူတစ်ဦးဖြစ်ပြီး ထရိုင်ကတော့ကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းရဲ့ကပ္ပတိန်တစ်ယောက်ဖြစ်ပါတယ်။သူတို့ဟာကိုယ်စီဝါသနာပါရာကို အာရုံစိုက်နေတုန်းကျောင်းကလုပ်တဲ့ဂီတပွဲမှာaudition ဝင်ဖို့ သူတို့နှစ်ဦးစလုံးစိတ်ပါဝင်စားလာပါတယ်။ဒါပေမယ့် ကျောင်းသားအုပ်စုတွေအကြား stereotype တွေကြောင့်ဘယ်သူက ဘာလုပ်သင့်တယ်ဆိုတဲ့ဖိအားတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ထရိုင်ရဲ့ ဘတ်စကတ်ဘောအသင်းနဲ့ ဂါဘရီရယ်လာရဲ့စာဂျပိုးသူငယ်ချင်းတွေကသူတို့နှစ်ဦးရဲ့ ဝါသနာထောက်ခံမပေးဘဲလျှောက်လက်စလမ်းကိုပဲဆက်လျှောက်ဖို့ ဖိအားပေးကြပါတယ်။ဒါပေမယ့် ထရိုင်နဲ့ဂါဘရီရယ်လာတို့က သူတို့ဖြစ်ချင်တာကိုဦးစားပေးဖို့ဆုံးဖြတ်ပြီး ဂီတပြိုင်ပွဲအတွက် auditionဝင်ကြပါတယ်။ဒီကနေ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။High School Musical 1 ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့စိတ်ကူးတွေနောက်ကိုလိုက်ဖို့ လမ်းပြပေးတဲ့ဇာတ်လမ်းဖြစ်သလိုလူငယ်တွေအကြားမှာလည်း မျှော်လင့်ချက်နဲ့ လူသားသဘာဝကိုထင်ဟပ်စွာဖော်ပြထားတဲ့ ကားလေးဖြစ်ပါတယ်။ဤကားကိုလည်း ၂၀၀၀ပြည့်နှစ်နောက်ပိုင်းလူငယ်ဟာသအချစ်ဇာတ်လမ်းပရိတ်သတ်တွေအကြား ထင်ရှားခဲ့ပြီးသီချင်းကောင်းတွေ၊ ဇာတ်ကောင်တွေရဲ့ ငယ်ချစ်ဦးဇာတ်လမ်းနဲ့အတူအချစ်၊ဂီတ၊အားကစားသူငယ်ချင်းသံယောဇဉ်စတဲ့အမှတ်တရတွေပြည့်နှက်နေတဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်တာကြာင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ကားလေး ဖြစ်ပါတယ်။