High School Musical 2 FHD

High School Musical 2

Comedy Drama Family Music Romance TV Movie FHD 2007-08-17 6.512 111 Min

Highschool Musical 2 မှာလည်း 1တုန်းကလိုပဲ Zac Efron ၊Velanessa Hudgens တို့ဦးဆောင်ပြီးတစ်ခြားသရုပ်‌ဆောင်တွေလည်း အပြည့်အစုံပြန်ပါလာပါတယ်။ဒီကားမှာတော့ ထရိုင်တို့အိစ့်ဟိုက်ကျောင်းသားတစ်သိုက်ဟာကောလိပ်စရိတ်စုဖို့အတွက် နွေရာသီအားလပ်ရက်မှာလာဗာစပရင်းကျေးလက်ကလပ်မှာ အလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ဖြစ်ချင်တော့ လာဗာစပရင်းရဲ့ပိုင်ရှင်က ထရိုင်ကို တစ်ဖက်သတ်ကြိုက်နေတဲ့သူဌေးသမီးလေးရှာပေးရဲ့မိဘတွေဖြစ်နေပါတယ်။ဒီအခွင့်အ‌ရေးကို အသုံးချပြီးရှာပေးက ထရိုင်နဲ့နီးစပ်ဖို့ကြိုးစားသလိုကလပ်မှာ အလုပ်ဝင်နေတဲ့ ထရိုင်ရဲ့ချစ်သူ ဂါဘရီရယ်လာနဲ့ထရိုင်ရဲ့သူငယ်ချင်းတွေကိုဖိနှိပ်ပါတော့တယ်။ထရိုင်ကိုလည်း ကောလိပ်အတွက်စကောလားရှစ်တွေနဲ့ပါ ဖျားယောင်းတော့ထရိုင်တစ်ယောက် စိတ်ယိုင်သလိုဖြစ်ပြီး ချစ်သူနဲ့သူငယ်ချင်းတွေကိုပစ်ထားမိသလိုဖြစ်ပါတော့တယ်။ဒီလိုနဲ့ လာဗာစပရင်းရဲ့ရိုးရာဖြစ်တဲ့ အလုပ်သမားတွေပါဝင်ဆင်နွှဲကြတဲ့နွေရာသီ တဲ့လန့်ရှိုးကျင်းပချိန်မှာတော့ထရိုင်နဲ့ရှာပေးကတစ်ဖက် ဂါဘရီရယ်လာနဲ့သူငယ်ချင်းတွေကတစ်ဖက် ပြိုင်ကြရဖို့ဖြစ်လာပါတယ်။ချစ်သူနဲ့သူငယ်ချင်းတွေရဲ့ စိတ်ကွက်မှုကို ခံလာရတဲ့ ထရိုင်အနေနဲ့ အမှားကိုသိပြီးပြန်ပြုပြင်သွားနိုင်မလား၊တဲလန့်ရှိုးမှာကောဘယ်သူအနိုင်ရသွားမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၀၀ ပြည့်နှစ်တွေက ရေပန်းစားခဲ့တဲ့ လူငယ်အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပြီးသီချင်းကောင်းလေးတွေအများကြီးမြိုင်မြိုင်ဆိုင်ဆိုင်ပါတာကြောင့်မလွတ်တမ်းကြည့်ရှု့သင့်တဲ့ကားလေး ဖြစ်ပါတယ်။