ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေးထွက်ထားတဲ့ ဒုတိယကမ္ဘာစစ်အခြေခံသမိုင်းဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဂျာမနီစစ်ရှုံးသွားတဲ့အခါ သြစတြီးယားက အီတာရဲတိုက်ကို နာဇီတွေရန်က ခုခံရတဲ့ Battle of Castle Itterဖြစ်ရပ်အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။၁၉၄၅ ခုနှစ်မှာ ဟစ်တလာသေဆုံးသွားတဲ့အခါ အမေရိကန်တွေနဲ့ မဟာမိတ်တွေအပြင် နာဇီဝါဒကိုမကြိုက်တဲ့ဂျာမန်တွေပါ စစ်ကြီးပြီးတော့မယ်ဆိုပြီး ဝမ်းသာခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမန်နာဇီတိုင်း လက်နက်ချချင်ခဲ့တာမဟုတ်ပါဘူး။ရသမျှဖျက်ဆီးပြီး သုံ့ပန်းတွေနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတဲ့နာဇီလက်ကျန်တွေလည်း ရှိပါသေးတယ်။ဂျာမန်လက်အောက်ရောက်နေတဲ့ သြစတြီးနိုင်ငံ အီတာမြို့က အီတာရဲတိုက်မှာ ဂျာမန်စစ်သားတွေထွက်ပြေးသွားတော့ပြင်သစ်ဝန်ကြီးချုပ်နှစ်ယောက်နဲ့ အကျဥ်းသားတွေဟာ အကာကွယ်ပေးမဲ့သူတွေမရှိတော့ပဲ ကျန်နေခဲ့ပါတယ်။တစ်ဖက်မှာ ဒီဝန်ကြီးချုပ်နှစ်ယောက်ကိုဖမ်းပြီး အပေးအယူလုပ်ချင်နေတဲ့ နာဇီတပ်ရင်းတစ်ခုဟာ ရဲတိုက်ကိုပြန်သိမ်းဖို့ချီတက်လာတဲ့အခါ ဝန်ကြီးချုပ်နှစ်ယောက်ဟာ ရရာမဟာမိတ်ကိုစုစည်းပြီး ရဲတိုက်ကိုခုခံဖို့ ပြင်ဆင်ရပါတော့တယ်။ဒီပြင်သစ်ဝင်ကြီးနှစ်ယောက်သူတို့အကူအညီတောင်းတဲ့သူတွေဟာဘက်ပြောင်းနာဇီစစ်ဗိုလ်တစ်ယောက် ,ဂျာမန်တော်လှန်ရေးတပ်သားတွေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တစ်ချို့ပဲဖြစ်ပါတယ် ။တစ်ချိန်က နိုင်ငံမတူ ရပ်တူချက်မတူ ရန်သူတွေဖြစ်ခဲ့ကြတဲ့သူတွေ အီတာရဲတိုက်ကိုရောက်လာတဲ့အခါမယုံသင်္ကာမှုတွေကြား ပြင်သစ် ၊ ဂျာမန် ၊ သြစတြီးယားနဲ့ အမေရိကန်မဟာမိတ်တွေ ဘယ်လိုခုခံခဲ့ကြသလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။သရုပ်ဆောင်တွေကတော့ စတာဆာနီကိုလစ် , ဒယ်နီရယ် ဂရိုဂန်နဲ့ ဖရန်ကိုလာစစ်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။