မတူညီတဲ့ ဒါရိုက်တာသုံးယောက်ရဲ့လက်ရာ ဇာတ်လမ်းတိုသုံးပုဒ်ကို ပေါင်းစည်းထားတဲ့၃နှစ်တာဖန်တီးထားတဲ့ကားလေးပါ “Magnetic Rose” အပိုင်းကတော့ အာကာသထဲမှာစွန့်ပစ်ယာဉ်တွေကို သွားရှာကြတဲ့အင်ဂျင်နီယာလေးဦးဟာ သူ့တို့ရဲ့အာကာသယာဉ်မှာအရေးပေါ်အချက်ပြတစ်ခုရရှိတာကြောင့်ကယ်ဆယ်ဖို့သွားကြရင်း လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်စွမ်းအားများနဲ့ အမှတ်မထင်ကြုံတွေ့ရတဲ့အကြောင်းလေးဖြစ်ပါတယ် “Stink Bomb”အပိုင်းကတော့ ဓာတ်ခွဲခန်းဝန်ထမ်းလူငယ်တစ်ဦးက အစိုးရကလျှို့ဝှက်ဖော်စပ်ခိုင်းတဲ့ဓာတုဆေးဝါးလက်နက်ကို မတော်တဆသောက်မိသွားပြီးလူအများကိုအန္တရာယ်ပြုကာသူသွားရာလမ်းတစ်လျှောက် ဘယ်လိုတွေဂယက်ထမလဲဆိုတာ ကြည့်ရှုရမှာပါ “Cannon Fodder” မှာတော့ ကလေးငယ်လေးနဲ့ သူ့ရဲ့ဖခင်တို့ကစစ်ပွဲကိုရင်ဆိုင်နေရတဲ့ မြို့တစ်မြို့မှာအသက်ရှင်ရပ်တည်ရေးအတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့ကြလဲဆိုတာ ရင်မောဖွယ်ကြည့်ရှရမှာပါ