Penguin Highway FHD

Penguin Highway

Comedy Fantasy Adventure Animation FHD 2018-08-17 7.121 118 Min

ဒီကားလေးကတော့ Your name တို့လို Weathering with you တို့လို sci-fi ဆန်ဆန်လေးနဲ့Animation လဲ‌လှနေပြီးတော့ လုံးဝကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့အကြောင်းအရာလေးကတော့ Aoyama လို့ခေါ်တဲ့ ဒို့ရဲ့ MC အနာဂတ်‌လောင်းသိပ္ပံပညာရှင် ဉာဏ်ကြီးရှင်လေးကထူးဆန်းတဲ့အရာမှန်သမျှစိတ်ဝင်စားပြီးသုတေသနလုပ်ချင်သူလေးဖြစ်တယ်။တစ်နေ့မှာတော့ သူတို့လိုဆင်ခြေဖုံးဒေသဖြစ်တဲ့မြို့လေးမှာပင်ဂွင်းတွေက အုပ်လိုက်ကြီးရောက်နေတာကိုတွေ့လိုက်ရတယ်။ဒါကိုသူကစိတ်ဝင်စားသွားပြီးပင်ဂွင်းတွေဘယ်ကလာလဲ ဘယ်လိုဒီလိုနေရာကိုရောက်နေလဲ ဘာကြောင့်လဲဆိုပြီးပဟေဠိတစ်ခုပြီးတစ်ခု သူ့သူငယ်ချင်းနဲ့အတူ ဖြေရှင်းဖို့လုပ်ပါတော့တယ်။ဒီကြားထဲသွားဆေးရုံမှာအလုပ်လုပ်နေတဲ့ အစ်မကြီးတစ်ယောက်ကို သူကကြိတ် crush နေမိတယ်။ဒါပေမဲ့ ပဟေဠိတွေကိုဖြေရှင်းဖို့ အဖြေရှာရင်း သိလိုက်ရတာကအဲ့အစ်မကြီးနဲ့ ဒါတွေဟာဆက်စပ်နေပြီးတော့ ဘယ်လိုတွေများဆက်စပ်နေလဲဆိုတာကိုရှာဖွေရင်းဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်လိုက်ရအောင်။