Miss Hokusai FHD

Miss Hokusai

Drama History Animation FHD 2015-05-09 6.7 90 Min

ဒီဇာတ်ကားလေးကတော့ ၁၉၈၀ လောက်ကထွက်ရှိတဲ့ Manga ကို အခြေခံပြီးပြန်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပြီးတော့ ဂျပန်ခေတ်ရဲ့ရှေးဟောင်းလူနေမှုစတိုင်ကိုခံစားရင်းအေးဆေးလေးကြည့်လို့်ကောင်းမဲ့ဇာတ်ကားလေးပါ။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ကျိုးကြောင်းဆက်ဆက်မှုတစ်ခုခုနဲ့ တစ်ခုမရှိပေမဲ့ Oei လို့ခေါ်တဲ့ကောင်မလေးရဲ့ဘဝဖြတ်သန်းခဲ့ပုံလေးကို ဖော်ပြထားတဲ့ကားလေးဖြစ်ပါတယ်။Oei ရဲ့အဖေဖြစ်သူ Tetsuzoဟာအတော်ကိုနာမည်ကြီးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကို Oei ကသူ့ရဲ့အဖေအရိပ်အောက်မှာပဲ နေနေရတာကိုမကြိုက်ပဲ သူကိုယ်တိုင်ပန်းချီကိုကြိုးစားပန်းစားဆွဲပြီးနာမည်‌ထွက်အောင်လုပ်နေပါတယ်။ ဒါ့အပြင် သူတို့နဲ့အတူ တူတူနေထိုင်တဲ့ Zenjiro ဆိုတဲ့သူကလဲနှာဘူးပန်းချီတွေကိုဆွဲပြီး သူ့ဘဝကိုစိန်ပြေနပြေ ဖြတ်သန်းနေပါတယ်။ ဒီကြားထဲမှာလဲOnao လို့ခေါ်တဲ့သူ့ရဲ့ဝမ်းကွဲညီမလေးဟာလဲ မျက်မမြင်ဖြစ်နေခဲ့ရပြီး သူ့ကိုဘယ်လိုဖေးမပြီး ကူညီရင်း Oei ဟာသူ့ရဲ့ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုကြည့်ရှုခံစားလိုက်ကြရအောင်နော်…။