Beating Heart FHD

Beating Heart

Crime Drama Thriller FHD 2022-08-26 6 95 Min

ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်… ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က ” ဦးနှောက်ကင်ဆာ” တဲ့… ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့… ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့… ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့… သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့… အခု ဆေးရုံကလည်း ယန်ဇီအဖေ့ပိုင် လုပ်ငန်းတွေထဲကတစ်ခုပေါ့… သူ့ဘဝတစ်ခုလုံးမှာ အလုပ်ထက် အရေးကြီးဆုံးက သူ့သမီးပဲ အခုလည်း သူ့သမီးရဲ့နှလုံးကို အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးစားလာခဲ့တာပေါ့…