Growth of God FHD

Growth of God

Unknown FHD 2022-06-16 8.3 81 Min

နတ်ပြည်မှာ ‘ခြေဗလာနတ်မင်း’ လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်းနတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင်ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်းအင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲနတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့်သူ့မှာ “ရူယီ” လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။အဲ့လက်နက်ကအတော်စွမ်းတာကြောင့်သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက်မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်းဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ ‘ရူယီ’ ဟာကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့်‘လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်’ ဆိူသလိုပဲသူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။သူ့ရဲ့လက်နက်ကျသွားရာနေရာ​​ကဖြစ်တဲ့ကျီရှန်းရွာလေးကတော့ ‘ရူယီ’ ကိုရတနာအဖြစ်သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့်ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကိုပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ​ကြောင့်ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။