A Melody to Remember HD

A Melody to Remember

Drama War HD 2016-01-21 8.278 124 Min

A Melody to remember ဆိုတဲ့ ရုပ်ရှင်ကားက​တော့ 2016ခုနှစ်မှာ ပြသခဲ့ပြီးသရုပ်​ဆောင် Yim Si-wan, Go Ah-jung, Lee Hee-joon နဲ့ က​လေးသရုပ်​ဆောင် Lee Re,Joon Won Jung တို့ အဓိကပါ​ဝင်တဲ့ War/Action ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။1945ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး အ​မေရိကန်နဲ့ ဆိုဗီယက်ပြည်​ထောင်စုရဲ့ မူဝါဒမှိုင်း​​ကြောင့်1950ခုနှစ် ကိုရီးယားကျွန်းဆွယ်မှာ ကိုရီးယားစစ်ပွဲစတင်ဖြစ်ပွားခဲ့ပါ​တော့တယ်။စစ်ပွဲဟာ သုံးနှစ်ကြာမြင့်ခဲ့ပြီး စစ်ပွဲအတွင်းမှာ ကွန်မြူနစ်တပ်နဲ့ ဒီမိုက​ရေစီတပ်ရဲ့ တိုက်ခိုက်​မှု​ကြောင့်စစ်​ဘေးသင့်မိဘမဲ့က​လေး​​တွေလည်း များပြားလာခဲ့ပါတယ်။ဒုဗိုလ် ဟန်ဆန်း​လျော (Yim Si-wan) က ​ရှေ့တန်းက​နေ ဘူဆန်ဘက်ကို ​​ပြောင်းမိန့်ကျပြီး မိဘမဲ့​ဂေဟာတစ်ခုကို စီမံကြီးကြပ်ရပြီးကျောင်းအုပ် ဆရာမ ဂျူမီ (Go Ah-jung) နဲ့ ​တွေ့ဆုံခဲ့ပါတယ်။တစ်ဖက်မှာလည်း ဖ​အေဖြစ်သူက ကွန်မြူနစ်အလိုကျ ဝါဒဖြန့်​​ပေးရတဲ့အတွက်ကွန်မြူနစ်လို့ သမုတ်ခံရတဲ့ ဆွန်းအီ (Lee Re) နဲ့ ဒုံးဂူ ( Joon Won Jung) ဟာဖ​အေဖြစ်သူအသတ်ခံရပြီးနောက် ပွဲစား ချိတ်​ကောက်ဦး​လေးကြီး (Lee Hee-joon) ဆီ​ရောက်သွားပါ​တော့တယ်။ချိတ်​ကောက်ဦး​လေးကြီးက အရင်က စစ်သား​ဟောင်းဖြစ်ခဲ့ပြီး သူ​ဌေး​တွေရဲ့ခိုင်းဖက်တစ်​ယောက်လည်းဖြစ်ပါတယ်။ စစ်ပွဲ​ကြောင့် မိဘမဲ့ဖြစ်ရတဲ့ က​လေး​တွေဟာ အသက်ရှင်ရပ်တည်ဖို့ အ​လောင်းမှာရှိတဲ့ ပစ္စည်း​တွေ၊ ကျည်ဆံ၊ဗုံး​တွေကို ​ကောက်ယူထုခွဲ​ရောင်းချပြီး နေထိုင်ရတဲ့အတွက် ဒုဗိုလ်ဟန်ကမိဘမဲ့က​လေး​တွေကို စုစည်းပြီး သံစုံကျူးဝိုင်းအဖွဲ့တစ်ခုထောင်ဖို့ စီစဥ်ပါ​တော့တယ်။ဒုဗိုလ်ဟန်ရဲ့ အစီအစဥ်ဟာ ​သေချာအ​ကောင်အထည်​ပေါ်လာပြီး ​နောက်ဆုံးမှာအ​မေရိကန်လွှတ်​တော်ထဲထိ ပထမဆုံး သွား​ရောက်​​ဖျော်​ဖြေရတဲ့အဖွဲ့ ဖြစ်လာပါတော့တယ်။ဒီဇာတ်ကား​မှာ စစ်ပွဲရဲ့ သက်​ရောက်မှု​ကြောင့် မိဘမဲ့ဖြစ်ရတဲ့ က​လေး​​တွေရဲ့ အခက်အခဲ၊ ​မောင်နှမနှစ်​ယောက်ရဲ့ ချစ်ခြင်း​မေတ္တာ​၊ ဒုဗိုလ်ဟန်ရဲ့ က​လေး​တွေအ​ပေါ် ကာကွယ်​ပေးမှု စတာ​တွေကိုကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။