လေ့လာရေးခရီးထွက်လာတဲ့လေယာဥ်တစ်စီးဟာနှင်းခဲတွေထူထပ်ပိတ်ဖုံးနေတဲ့ဒေသတစ်နေရာမှာပျက်ကျခဲ့ပါတယ်။လူအတော်အများ သေဆုံးကုန်ကြပြီး အနည်းငယ်ပဲကျန်ရစ်ခဲ့ပါတယ်။ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့်ကယ်ဆယ်ရေးကိုမျှော်နေဖို့ရာကလည်း သိပ်မဖြစ်နိုင်လှပါဘူး။နှင်းတောထဲမှာဆက်လက်ရှင်သန်ဖို့ရာကိုယ့်အားကိုယ်ကိုးကြရဖို့ပဲရှိတဲ့လူတစ်စု ၊လူအမျိုးမျိုးပါဝင်နေတဲ့အဲ့ဒီလူတစ်စုဟာအသက်ရှင်သန်ဖို့ဘယ်လိုကြိုးစားကြလေမလဲ။သူတို့ကိုနောက်ထပ်အန္တရာယ်တစ်ခုကလည်းစောင့်မျှော်နေပါသေးတယ်။အဲ့ဒါကတော့ ကြီးမားတဲ့ဗီဇပြောင်းဝံပုလွေတွေပါပဲဝံပုလွေရန်ကြောင့်သေဆုံးတဲ့သူတွေရှိလာတဲ့အခါ၊ဗီဇပြောင်းဝံပုလွေတွေကို ရင်ဆိုင်ဖို့ဘယ်လိုလုပ်ကြမလဲ။ရှင်ဖို့ထက် သေဖို့လမ်းကများနေတဲ့ ဒီအခြေအနေမှာဘယ်သူတွေကဘယ်လို အသက်ရှင်လွတ်မြောက်လာမလဲဆိုတာစိတ်လှုပ်ရှားစွာ စောင့်စားကြည့်ရှုလိုက်ကြရအောင်။