Running the Bases FHD

Running the Bases

Drama FHD 2022-09-16 7.5 127 Min

ငယ်စဉ်ကတည်းက ​ဘေ့စ်​ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ​ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂​ယောက် ရှိရာ ကံမ​ကောင်းစွာပဲ အစ်ကိုဖြစ်သူ ​ဂျော့ရှ်က နှလုံးအားနည်းတဲ့ ​ရောဂါ​ကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်​သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူ​ရောဂါမျိုးဆေးစစ်​တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ဘေ့စ်​ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ ဒါ​ပေမဲ့တစ်​နေ့မှာ သူချစ်တဲ့​ဘေ့စ်​ဘော​လောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ​ဘေ့စ်​​​ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ​ကျောင်းအသင်း​လေးကို ဆုဖလား၉ကြိမ်​ရ​အောင် ဦး​ဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ​ကျောင်းကြီးတစ်​ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အ​​​ရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။