Faith in the Family HD

Faith in the Family

Family HD 2024-07-29 5 83 Min

Faith in the Family (2024) ဆိုတာ ဗြိတိသျှနိုင်ငံက ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ခရစ်ယာန်ဒရာမာ အမျိုးအစားပါ။ ဒီဇာတ်ကားက မိသားစုရဲ့ အားပေးမှုနဲ့ ယုံကြည်ခြင်းရဲ့ ခရီးလမ်းကိုပေါ့ပေါ့ပါးပါး ပြထားတယ်။ဒါရိုက်တာ Oleksiy Andronyak က ရိုက်ကူးထားပြီး၊ Tabitha Alege က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းကဇနီးတစ်ယောက်ရဲ့ ဘဝကို ဗဟိုပြုထားတယ်။ သူ့ခင်ပွန်းကို ရုတ်တရက် ဆုံးရှုံးခဲ့ရပြီး ခရစ်ယာန်ယုံကြည်ခြင်းကိုပါ ဆုံးရှုံးသွားတယ်။ ဘဝက မှောင်မိုက်နေချိန်မှာ သူ့မိသားစုကအားပေးကူညီပြီး ယုံကြည်ခြင်းကို ပြန်ရှာဖွေရာ လမ်းကြောင်းတစ်ခု ပေါ်လာစေတယ်။မိသားစုရဲ့ ချစ်ခင်မှု၊ ခွန်အားနဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်မှုက သူမကို အလင်းရှိတဲ့နေရာကိုလမ်းညွှန်ပြသပေးပါတယ်။ ဇာတ်ကားက တစုံတရာကို ဆုံးရှုံးရာကနေ နာကျင်မှုဖြစ်လာပြီး အဲ့နာကျင်မှုကနေ မျှော်လင့်ချက်အလင်းရောင်လေးပေါ်လာတာကို သေချာပြသထားပြီးခရစ်ယာန်တွေအတွက်တင်မကဘဲ လူတိုင်းအတွက် စိတ်အေးချမ်းစေနိုင်လို့ ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါပဲ။