Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။ အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။ ဒီ Documentary လေးဟာ ဒီအလင်းတန်းကို ပြန်လည်ရှာဖွေဖို့ ကြိုးပမ်းမှုတွေ၊ သူ့စိတ်အခြေအနေတွေကို အဓိကပုံဖော်ထားပါတယ်။ သင်ဟာ Selenaရဲ့ ပရိတ်သတ်တစ်ယောက်မဟုတ်ရင်တောင် စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေရသူဆိုရင် ဒီ Documentaryကိုကြည့်ဖို့ တိုက်တွန်းပါရစေ။