ဖခင်တာဝန်နဲ့ ရဲအရာရှိအလုပ်တွေကို ညီမျှအောင် ထမ်းဆောင်နေရတဲ့ မင်ဟျွန်းဂျွန်း (Shin Hyun Joon) ကိုသမီးဖြစ်သူ မင်ဟယ်ရီဟာ ကိစ္စတစ်ခုကြောင့် စကားမပြောဆိုခဲ့ ၅ နှစ်ဆိုတဲ့အချိန်တစ်ခု ရှိနေပါပြီ။တစ်နေ့မှာတော့ မင်ဟျွန်းဂျွန်းတစ်ယောက် စိတ်ရှုပ်ထွေးမှုတွေကို ဖြေဖျောက်ဖို့အတွက် ခေါင််မိုးပေါ်တက်ဆေးလိပ်သောက်ရင်း မိုးကြိုးအပစ်ခံလိုက်ရကာအစွမ်းတစ်ခုရလာတဲ့အခါ…သူ့လိုပဲ အစွမ်းတွေရသွားတဲ့သူတွေကို လိုက်လံရှာဖွေကာ ရာဇဝတ်သားတွေကို ဘယ်လိုရင်ဆိုင်သွားမှာလဲ…တစ်ဖက်မှာလည်း အဲဒီလို ရင်ဆိုင်ဖြေရှင်းရင်းနဲ့သမီးဖြစ်သူနဲ့ ပြန်အဆင်ပြေအောင် ဘယ်လိုများကြိုးစားသွားမလဲဆိုတာကိုတော့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဒီ Thunderstruck Cop ဆိုတဲ့ဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦးနော်။