လာဘ်စားမှုတွေများစွာနဲ့ အားရင် အပြစ်မရှိအပြစ်ရှာပြီး တစ်ယောက်မဟုတ်တစ်ယောက်ကို ဒုက္ခလိုက်ပေးတတ်တဲ့ အီဒီကူလာဆိုတဲ့ အရာရှိတစ်ဦး၊ အငြိမ်းစားယူခါနီးအချိန်ထိတောင်မှ သူဟာ သူများတွေကို ဒုက္ခပေးလို့ကောင်းနေတုန်းပါ။ဒီလိုနဲ့ အီဒီကူလာတစ်ယောက် အငြိမ်းစားယူဖို့ တစ်ပတ်လောက်ပဲ ကျန်တော့တဲ့အချိန် သူ့နေအိမ်မှာ ေ-သနတ်နဲ့အပစ်ခံရပြီး ေ-သဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ အီဒီကူလာတစ်ယောက် တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်းမှာလည်း အားနေ ပြဿနာရှာတတ်တဲ့သူဖြစ်တော့ ရန်သူတွေ မတည့်တဲ့သူတွေကလည်း အများသားပါ။ဒီတော့ ရန်သူများတဲ့ အီဒီကူလာကို ဘယ်သူ သ-တ်သွားတာလဲ .......လူသ-တ်တရားခံကို ဘယ်လိုများ ရှာဖွေဖော်ထုတ်သွားမလဲ... ဆိုတာကို စိတ်လှုပ်ရှားဖွယ် လှည့်ကွက်တွေအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။