ဒီဇာတ်ကားလေးကတော့ တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒါရိုက်တာ Elisabeth Röhm က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Billy Zane, Tedra Rogers, Frankie Warren, Alexis Sides, ဒါရိုက်တာ Elisabeth Röhm စတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ထောင်ကနေလွတ်လာတဲ့ Larry Ray ဆိုတဲ့လူဟာ သူ့သမီးဖြစ်သူရဲ့သူငယ်ချင်းတွေဆီကနေရင်းနှီးမှုယူပြီးတော့ သူတို့ရဲ့ငယ်ဘဝကရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေကို ခြယ်လှယ်ကာ သူ့ကိုယ်ကျိုးအတွက် အကွက်ကျကျ အသုံးချပုံကို စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကြည့်ရှုရမှာပါ။ ဘယ်လောက်တောင်လဲဆိုရင် Larry နေရာကသရုပ်ဆောင်နေတဲ့သူကို မုန်းသွားတဲ့အထိပါပဲ။ IMDb မှာဆိုရင် rating 5.2/10 ကို ရရှိထားပြီးတော့ ဇာတ်လမ်းအတက်အကျအပြည့်နဲ့ ကြည့်ရှုသူတွေအတွက် တကယ့်ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ခံစားချက်အပြည့်ရအောင် ရိုက်ကူးပြထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။