Baki Hanma VS Kengan Ashura FHD

Baki Hanma VS Kengan Ashura

Action Fantasy Animation FHD 2024-06-05 7.452 60 Min

Baki ဆိုတာ ငယ်စဉ်ကတည်းက ဖိုက်တာတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်ပေးခြင်းခံရတဲ့ မြေအောက်ဖိုက်တာချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အဖေ Yuujirou ကိုအနိုင်ရဖို့အစွမ်းထက်ဆုံးသူတစ်ယောက်ဖြစ်အောင် အမြဲကြိုးစားနေတဲ့ လူငယ်လေးပါ။ ဒီတစ်ခေါက်တော့ Baki ဟာ မြေအောက်ဖိုက်တာအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ မြေအောက်ကြိုးဝိုင်းနဲ့ Kenganအဖွဲ့အစည်းတို့ အားချင်းယှဉ်ကြတဲ့ပွဲမှာ ပြိုင်ပွဲဝင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပထမပွဲစဉ်မှာတော့ အဖေဖြစ်သူဝင်ပြိုင်ခဲ့တဲ့မြေအောက်ကြိုးဝိုင်းကို ရောက်လာခဲ့တဲ့မြန်မာပြည်က လက်ဝှေ့အကျော်အမော် စောပိုင် Yoroizuka နဲ့ ဘာလေ့ကျင့်ရေးမှမလုပ်ဘဲနဲ့ ပင်ကိုယ်အတိုင်းကို ကြမ်းနေတဲ့ Kaoru Hanayama ရဲ့အကြမ်းစားတိုက်ကွက်တွေကိုတွေ့ရမှာပါ။ဒုတိယပွဲစဉ်မှာတော့ ကြီးမားတောင့်တင်းတဲ့ခန္ဓာကိုယ်ကိုရဖို့ တရားမဝင်ဆေးဝါးတွေသုံးစွဲကာ ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့တဲ့ Jack Hammer နဲ့ လုပ်ကြံသတ်ဖြတ်သူ Kureမိသားစုကဆင်းသက်လာတဲ့ Raian Kure တို့နှစ်ယောက်မှာ ဘယ်သူကပိုကြမ်းလဲဆိုတာကြည့်ရှုရမှာပါ။ တတိယပွဲစဉ်ကတော့ အားလုံးမျှော်လင့်နေကြတဲ့ အဓိကဇာတ်ကောင် Baki Hanmaနဲ့ "Ashura စစ်နတ်ဘုရား"လို့ တင်စားခေါ်ဝေါ်ကြတဲ့ Ohma Tokita တို့ရဲ့နောက်ဆုံးပွဲပ