Hive FHD

Hive

Drama FHD 2021-11-05 7.222 84 Min

Sundance ရုပ်ရှင်ပွဲတော်မှာပြခဲ့ပြီး Grand Jury Prize အပါအ၀င် ထိပ်ဆုံးဆု ၃ခုလုံးရရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ပါ။ Oscar Best International Feature Film ရဲ့ ကိုဆိုဗို နိုင်ငံကိုယ်စားပြုရုပ်ရှင် အဖြစ်လည်း ရွေးချယ်ခံထားရပါတယ်။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားပြီး Feminine Strengths ကို ဂုဏ်တင်ထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ယူဂိုဆလားဗီးယားပြည်ထောင်စုဟာ ဘော့စနီးယား၊ ခရိုအေးရှား၊ မက်ဆီဒိုးနီးယား၊မွန်တီနီဂရိုး၊ ဆာဘီးယား နဲ့ ဆလိုဗေးနီးယားဆိုတဲ့ သမ္မတနိုင်ငံ ခြောက်ခုနဲ့ဖွဲ့ထားခဲ့တယ်။ ၁၉၉၀နောက်ပိုင်းတော့ အကုန်ကွဲပြီး စစ်တွေဖြစ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ မနည်းဖြစ်ခဲ့တယ်။ ၁၉၉၉မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ အရ ကိုဆိုဗိုဒေသအုပ်ချုပ်ရေးကို ကုလသမဂ္ဂက လက်လွှဲယူပြီး ၂၀၀၈မှာ ကိုဆိုဗိုဟာ လွတ်လပ်တဲ့နိုင်ငံ အဖြစ်ကြေညာခဲ့ပါတယ်။ ဆားဘီယားကတော့ လက်မခံဘဲ ဆားဘီးယားနိုင်ငံအတွင်းက ကုလသမဂ္ဂအုပ်ချုပ်တဲ့ နိုင်ငံတစ်ခုအဖြစ်ပဲ အသိအမှတ်ပြုထားခဲ့တယ်။ ဆားဘီယားနဲ့ ကိုဆိုဗိုဟာ နယ်မြေအငြင်းပွားမှုတွေ ခုထိရှိနေတုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းက Quo Vadis Adia? ဆိုတဲ့ UN ရဲ့မဟာကျရှုံးမှုကြီးအကြောင်း ရုပ်ရှင်ထွက်ခဲ့ပါတယ်။ အော်စကာ Nominations ၀င်တဲ့အထိ အောင်မြင်ခဲ့သလို Metacritic ရဲ့ ဒီနှစ်အကောင်းဆုံးကားစာရင်းမှာ အရင်၄လကအထိ နံပါတ်တစ်နေရာ ယူထားခဲ့ပါတယ်။