Anime ကိုမှ စုံထောက်ဇာတ်လမ်းတွေ၊ Action တွေ၊ မြှုပ်ကွက်တွေကို ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Soutaro ဆိုတဲ့ စုံထောက်ဟာသူ့ရဲ့ သတင်းပေးသမားလေး Saki နဲ့အတူ Ootsuji စုံထောက်ကုမ္ပဏီကို တည်ထောင်ထားပေမယ့် မယ်မယ်ရရ အလုပ်မဖြစ်တော့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါတော့တယ်။တစ်နေ့တော့ သူတို့မြို့မှာ ပွဲတော်ရာသီကို ရောက်လာပြီး မြို့ပေါ်မှာ ခရီးသွားဆပ်ကပ်တွေနဲ့ ပျော်ရွှင်မြူးထူးနေကြပေမယ့် တစ်ဖက်မှာတော့ လူတွေ အစုအပြုံလိုက် ပျောက်ဆုံးမှုတွေ ရှိနေပြီးအဲဒါတွေနဲ့အတူ ဘီးလုံးရာတွေပါ ပေါ်လာတတ်ပါတယ်။ အဲဒီကိစ္စကို စုံစမ်းဖို့ သတင်းသမားတစ်ယောက်က Soutaru ကို အလုပ်အပ်ခဲ့ပေမယ့် စုံထောက်က သူကိုယ်တိုင်မသွားဘဲ Sakiလေးကို လွှတ်လိုက်ပါလေရော။ တကယ်တော့ သူတို့နေတဲ့ မြို့က မြေအောက်မှာပါ အမှောင်ထုလို့ခေါ်တဲ့ သီးခြား society တစ်ခုရှိပြီး မကောင်းမှုတွေ၊ ခိုးဆိုးလုနှိုက်ဂိုဏ်းတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လူပျောက်မှုတွေရဲ့ နောက်ကွယ်က တရားခံကလည်း အမှောင်ထုထဲက မျက်နှာဖုံးဂိုဏ်းပဲလို့ ယူဆထားကြတာပါ။ ဒီလိုနဲ့ Saki ကို အမှောင်ထုထဲကိုသတင်းရှာလွှတ်လိုက်ပေမယ့် ကောင်မလေးကိုပါ ပြန်ပေးဆွဲထားကြတော့ သူကိုယ်တိုင် အမှောင်ထု