420 IPC FHD

420 IPC

Crime Drama FHD 2021-12-17 8.3 99 Min

တောင်ပိုင်းမှုခင်းစုံထောက်ရုပ်ရှင်ဇာတ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကလည်း ကြည့်ရမယ့်စာရင်းထဲမှာ ပါတဲ့ကာကောင်းလေးတစ်ကားပဲဗျာ။ ဆိုဒ်ပြည့်ဂိုဒ်ပြည့်မင်းသားချောတွေရဲ့ ချခန်းဖိုက်ခန်းတွေချည်း ကြည့်ရတာငြီးလာတဲ့အခါ ဦးနှောက်ကိုအလုပ်လုပ်ခိုင်းရမယ့်မှုခင်းဇာတ်ကားကောင်းလေးပေါ့ဗျာ။ ဇာတ်လမ်းလေးက ဘယ်လောက်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်ထွေးလဲဆိုရင် ဘာသီချင်းမှကိုမပါတဲ့အထိပဲဗျာ။ သိတယ်မလား အိန္ဒိယကားတွေ သီချင်းတစ်ပုဒ်မှမပါတာ တကယ်မဟာအံ့ဖွယ်ဖြစ်ရပ်ကြီးဗျ။ တောင်ပိုင်းကားက မပါတာဆိုတော့ ပို‌တောင်ထူးဆန်းနေတာ‌ပေါ့‌ဗျာ။ ပါဝင်တဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေပဲဆိုတော့ ဇာတ်ကားဘယ်လောက်ကောင်းလဲဆိုတာ ညွှန်းနေဖို့တောင် သိပ်လိုမယ်မထင်ပါဘူး။