သားလေးယောက်နဲ့ သမီးတစ်ယောက်ရှိတဲ့ မိသားစုတစ်ခုမှာ Alie ဆိုတဲ့ အငယ်ဆုံးသမီးလေးရဲ့ မရည်ရွယ်တဲ့ ပေါ့ဆမှုကြောင့် အမေဖြစ်သူ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့ရတယ်။ဇနီးသည် ဆုံးပါးသွားတော့ အဖေဖြစ်သူရဲ့ စီးပွားရေးကလည်း ထိုးကျသွားပြီး တစ်မိသားစုလုံး ပျော်ရွှင်မှုတွေကုန်ဆုံးသွားခဲ့လေရဲ့။အဲဒီအချိန်ကစပြီးတော့ Natta ဆိုတဲ့ အစ်ကိုကလွဲရင် အဖေနဲ့ အစ်ကိုသုံးယောက်လုံး Ali ကို မုန်းတီးပြီး အငြိုးနဲ့ အနိုင်ကျင့်ကြတဲ့အပြင် ကျောင်းမှာပါ အနိုင်ကျင့်တဲ့သူတွေ ရှိနေတာမို Ali ရဲ့ဘဝ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံတွေ့ရပုံ၊ လူတယောက်ရဲ့အနိုင်ကျင့်မှုကြောင့် ဘယ်လိုစိတ်ဒဏ်ရာတွေ ဖြစ်ပေါ်စေလဲဆိုတာကို သတိထားမိအောင်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။