ဒီကားလေးကတော့ Given ဇာတ်ကားရဲ့ ခွဲထွက်ထားတဲ့ တစ်ခြား Character တွေရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင့်။ ချစ်ရည်လူးတဲ့ ဇာတ်ဝင်ခန်းလေးတွေလည်းပါတာမလို့ဒါမျိုးတွေကြိုက်တတ်တဲ့ BL Fan လေးတွေအတွက် ကြည့်ရှုဖို့တိုက်တွန်းပါတယ်နော်။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ Hiiragi နဲ့ Shizusumi တို့ကြားက အချစ်ပန်းလေးဘယ်လိုဖူးပွင့်လာရလဲဆိုတာကို ပြသထားတာဖြစ်ပါတယ်။ Hiiragi တို့အဖွဲ့ဟာ သီချင်းဆိုဖို့ပွဲထွက်ရတော့မှာဖြစ်ပြီးတော့ အခုတက်လာမဲ့ပွဲမှာ သူတို့အဖွဲ့ရဲ့ဆုံးသွားတဲ့ သူငယ်ချင်းဟောင်းYuki ဆိုတဲ့ကောင်လေးရဲ့ သီချင်းကို ပြန်ရေးပြီးနောက်ဆုံးအနေနဲ့ဖျော်ဖြေပေးဖို့ကိုပြင်ဆင်နေကြပါတယ်။Hiiragi ဟာ သူ့အရင်သူငယ်ချင်း Yuki ရဲ့တေးဂီတပါရမီကိုလေးစားပြီးအားကျခဲ့ရတဲ့အတွက် သူ့နားမှာပဲအမြဲတစ်ပူးတွဲတွဲရှိနေခဲ့တယ်။ဒါကို Shizu ဟာ Hiiragi ကို ကြိတ် crush နေပြီးတော့ နောက်ကွယ်ကနေပဲပွဲကြည့်ပရိတ်သတ်လိုငေးနေရုံမှအပဘာမှမတတ်နိုင်ခဲ့ဘူး။အခု Yuki လည်းဆုံးသွားပြီဖြစ်တော့ သူ့ရဲ့သီချင်းကိုဆက်ဆိုဖို့ပြင်ဆင်နေတုန်းမှာပဲ Hiiragi ဟာ Yuki ကိုလေးစားမြတ်နိုးတာလောက်ပဲရှိပြီး Shizuကိုမှတကယ်ချစ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားခံစားချက်တွေ အပြန်အလှန်ရှိနေကြရင်း ဘယ်လိ