မိုးရွာတဲ့တစ်ရက်မှာ သားအဖနှစ်ယောက်က မတော်တဆဖြစ်ပြီး ဝိဉာဉ်ပြောင်းလဲသွားခဲ့တယ် “မ”သုံးလုံးနဲ့ပြည့်စုံနဲ့တဲ့အဖေဖြစ်သူက သမီးရဲ့ကျောင်းသူဘဝမှာ ရှုပ်ယှက်ခတ်သွားအောင်လုပ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ သမီးဖြစ်သူရဲ့ဖိအားတွေကိုနားလည်လာခဲ့တယ် သမီးဖြစ်သူကလည်း အဖေရဲ့ဘဝကိုဖြတ်သန်းတော့မှ အဖေတစ်ယောက်ရဲ့ဘဝကဘယ်လိုရှိလဲနားလည်လာခဲ့ကြတယ် အချင်းချင်းရဲ့ဘဝကိုနားလည်ပြီး ပြဿနာတွေ ဖိအားတွေကို ဘယ်လိုဖြေရှင်းမလဲ ဘာတွေပြောဆိုကြမှာလဲ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပေးဆပ်ကြမလဲဆိုတာကို ဝမ်းနည်း/ဝမ်းသာ ခံစားချက်နှစ်မျိုးနဲ့ ဘဝကိုသရုပ်ဖော်ထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ် …