ဒီတစ်ခါမှာတော့ martial art မင်းသားကြီး Jean Claude Van Damme ဦးဆောင်ပါဝင်ထားတဲ့ Double team ဆိုတဲ့ action ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်CIA အကြမ်းဖက်တိုက်ဖျက်ရေးအေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့ ဂျက်ကွင်းဟာ အလုပ်ကနေအပြီးအနားယူပြီးကာမှ သူ့နှစ်ပေါင်းများစွာထောက်လှမ်းခဲ့တဲ့ ရန်သူတော်ကြီးအကြမ်းဖက်သမား"စတက်ဗရို" ပြန်လည်ပေါ်လာတာကြောင့် သူ့ကိုဖမ်းပေးရမယ့်မစ်ရှင်ကိုလက်ခံလိုက်ရပါတယ် ဒါပေမဲ့ ဂျက်ရဲ့တွန့်ဆူတ်မှုကြောင့်သူ့ရဲ့အဖွဲ့တစ်ခုလုံးအသတ်ခံလိုက်ရပြီး "စတက်ဗရို"ရဲ့ မိန်းမနဲ့ကလေးလည်းသေဆုံးခဲ့ရပါတယ် စတက်ဗရိုကိုယ်တိုင်ကတော့လွတ်မြောက်ခဲ့ပြီး သူ့ရဲ့သားသေဆုံးမှုကြောင့်ဂျက်ကိုလက်စားချေဖို့ကြိုးစားပါတယ်ဂျက်သေဆုံးသွားပြီလို့တစ်လောကလုံးထင်နေခဲ့ပေမဲ့ ဂျက်က ဘယ်သူမှမသိတဲ့"ကိုလိုနီ"ဆိုတဲ့လျှို့ဝှက်စစ်ဆင်ရေးလုပ်ရတဲ့နေရာမှာပိတ်မိနေတာပါ အဲ့မှာနေရင်းအပြင်မှာကျန်ခဲ့တဲ့ သူ့ရဲ့ကိုယ်ဝန်သည်ဇနီးကို စတက်ဗရိုကလက်စားချေဖို့ပစ်မှတ်ထားနေတယ်ဆိုတာကိုသိလိုက်ရတော့ ကိုလိုနီကနေခိုးထွက်ပြီးမိန်းမနဲ့ကလေးကိုကာကွယ်ဖို့ စတက်ဗရိုနဲ့ရင်ဆိုင်ရပါတော့တယ်