ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ကျောင်းသားလေး Kanata Asaya ဟာ သီချင်းဗီဒီယိုတွေကိုဖန်တီးချင်တဲ့ သူ့ရဲ့အိပ်မက်ကို လောလောလတ်လတ်ရှာဖွေတွေ့ရှိထားသူပါ။သူကြိုက်တဲ့ရှုခင်းလေးတွေကို ရိုက်ထားတက်ပြီး ကြိုက်တဲသီချင်းလေးတွေကို ပေါင်းစည်းကာ သီချင်းဗီဒီယိုတွေဖန်တီးရတာကို ဝါသနာပါသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ကျောင်းပွဲတော်ကြော်ငြာဗီဒီယိုလုပ်ဖို့ ဝါသနာအိုးလေး Kanata ကို သူငယ်ချင်းတွေက အကူအညီတောင်းလိုက်ပါတယ်။ Kanata တစ်ယောက် သီချင်းဗီဒီယိုအတွက်အကိုးအကားရှာဖို့ခြေဦးတည့်ရာလျှောက်သွားရင်း လမ်းဘေးတစ်နေရာမိုးရွာထဲမှာ ခံစားချက်အပြည့်နဲ့ ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့ မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ပါရော..။ နောက်တစ်နေ့ကျောင်းကိုရောက်တော့ မနေ့ကတွေ့ခဲ့တဲ့အဆိုရှင်က ဒီနေ့မှကျောင်းကိုအသစ်ရောက်လာတဲ့ သူ့ရဲဆရာမဖြစ်နေပါတော့တယ်။ ဆရာမက အရင်က သူဝါသနာအရမ်းပါတဲ့သီချင်းတွေဖန်တီးခဲ့ပေမယ့် တစ်ပုဒ်မှ နာမည်လည်းမကြီး ပရိသတ်ရင်ထဲကိုလည်းမရောက်စေခဲ့တာမို့ သူ့ရဲ့အိပ်မက်ကို စွန့်လွှတ်ပြီး ဆရာမအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ဆုံးဖြတ်လိုက်တာပါ။ အဲဒီမှာ ကျောင်းသားလေး Kanata ဟာ ဆရာမရဲ့သီချင်းကို သီချင်းဗီဒီယိုလုပ်ပြီး လူတွေဆီကိုဖြန့်ချီချင်တယ်လို့ခွင့်တောင်းလ