ဒီဇာတ်လမ်းက Blair Willowsဆိုတဲ့ ဇာတ်ကောင် ကောင်မလေးတစ်ယောက်အကြောင်း အခြေခံထားတဲ့ Animationလေး ဖြစ်ပါတယ်။သူက ဂါဒန်းနီးယားတိုင်းပြည်က သာမန်အရပ်သူတစ်ဦး ဖြစ်ပြီးတစ်နေ့မှာ တော်ဝင်မင်းသမီးနဲ့ ဆွေကြီးမျိုးကြီးတွေပဲ တက်ခွင့်ရှိတဲ့Princess Charming ကျောင်းကို တက်ခွင့်စကောလာရသွားပါတယ်။တော်ဝင်မျိုးနွယ်တွေကြားမှာ Blair က အနှိမ်ခံဖြစ်နေပြီးဘာလုပ်လုပ်အမှားအယွင်းတွေပဲ ဖြစ်နေခဲ့တာပါ။ သူ့ကိုချိုးနှိမ်သူတွေထဲမှာမဒမ် Devinနဲ့ သူ့သမီး ဒလန်စီက အခရာဖြစ်နေတာပါ။ မဒမ်Devinကသူ့သမီးကို အရိုက်အရာဆက်ခံခွင့်ရအောင် လျှို့ဝှက်ကြံနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ Blairက နတ်ရွာစံသွားတဲ့ ဘုရင်မကြီး အစ္စဘယ်လာရဲ့မျိုးဆက်အရင်းဖြစ်မှန်း မဒမ်Devinတို့ ရိပ်မိသွားတဲ့နောက်မှာBlairကို လိုက်လံအကောက်ကြံပါတော့တယ်။ ထိုသားအမိရန်ကနေBlair တစ်ယောက် ဖြူစင်တဲ့စိတ်ထား ၊ သူ့ကိုချစ်တဲ့မိတ်ဆွေတွေနဲ့အတူကျော်ဖြတ်ဖို့ ကြိုးစားရပုံတွေကို ရိုက်ကူးထားတာပါ။