Black Eyed Susan HD

Black Eyed Susan

Horror Science Fiction HD 2024-08-02 4.8 85 Min

ဒဲရတ်ခ်က ကိုယ်မောင်းတဲ့ကားကိုအိမ်လုပ်နေပြီး ကားဆွဲလို့ရတဲ့ငွေနဲ့ဇနီးနဲ့သမီးဖြစ်သူကိုထောက်ပံ့နေရတဲ့အိမ်ခြေယာမဲ့တစ်ယောက်ပါ။ဒီလိုအခြေအနေမျိုးမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ဈာပနမှာ သိကျွမ်းခဲ့ဖူးတဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဂီလ်ဘတ်နဲ့ပြန်ဆုံမိပြီး စကားစပ်မိရာကနေသူ့အတွက်အတည်တကျအလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။သူလုပ်ရမယ့်အလုပ်ကတော့ ဆူဇန်လို့အမည်ပေးထားတဲ့ လူတစ်ယောက်နဲ့အနီးစပ်ဆုံးဖန်တီးထားတဲ့ အဆင့်မြင့်ဉာဏ်ရည်တုလိင်ကျွန်စက်ရုပ်တစ်ရုပ်ကိုစမ်းသပ်ဖို့ပါပဲ။တစ်ခုရှိတာက ဒီလိင်အရုပ်ဟာလိင်ဆက်ဆံဖို့အဓိကထက် အမျိုးသမီးတွေကိုအကြမ်းဖက်လိုတဲ့ Fetish ပိုင်ရှင်တွေအတွက်အထူးပုံစံထုတ်ထားတာဖြစ်ပြီး ကိုယ်ထိလက်ရောက်ပြုမူတဲ့အခါသွေးထွက်တာ ပွန်းပဲ့တာ မျက်ရည်ကျတာအစရှိတဲ့ တုန့်ပြန်မှုမျိုးတွေကိုပါအနီးစပ်ဆုံးတုန့်ပြန်နိုင်တာပါပဲ။သူ့အတွက် နစ်နာထိခိုက်စရာ ဘာမှမရှိဘူးလို့ထင်စရာဖြစ်တဲ့ ဒီအလုပ်ကို ဒဲရတ်ခ် လက်ခံလိုက်ပြီးနောက်ပိုင်းမှာသူမမျှော်လင့်ထားတဲ့ အမှောင်လျှို့ဝှက်ချက်တွေကသူ့ကိုစောင့်ကြိုနေမယ်ဆိုတာ သူမသိခဲ့ရပါဘူး။စိတ်မသက်သာစရာမြင်ကွင်းတွေ၊ စကားပြောခန်းတွေ၊ စည်းဘောင်တွေကိုကျော်လွန်ပြထားတဲ့ ဇာတ်ကားဖြစ်ပြီးလိင်အင်္ဂါတွေကိုကွက်ကွက်ကွင်းကွင်းပြသမှုတွေနဲ့ကြ