ဒီကားလေးကတော့ ၁၈ ရာစုနှောင်းပိုင်းမလေးရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံကိုဗြိတိသျှတွေကကိုလိုနီနယ်ချဲ့နေကြတဲ့အချိန်ပဲဖြစ်ပါတယ်။ သူတို့ကမလေးရှားကိုတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီးတော့သယံဇာတတွေကိုခိုးယူပေါ်တင်ယူပြီးရွာသားတွေကိုရက်စက်စွာငြင်းပန်းနိပ်စက်နေတာဖြစ်ပါတယ်။ ကီလူးဆိုတဲ့ရွာသားတစ်ယောက်ရှိတဲ့ရွာကိုသူတို့ဝင်သောင်းကျန်းခဲ့တဲ့အခါမှာမလေးရှားရဲ့အကြီးအကဲတွေနဲ့အားလုံးတိုင်ပင်ပြီးဗြိတိသျှတွေကိုတော်လှန်ဖို့အတွက်ကီလူးကိုခေါင်းဆောင်ခန့်အပ်ခဲ့ပါတော့တယ်။ ဒါပေမယ့်တော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲလူတစ်ရာမှာဆယ်ယောက်လောက်သာပါဝင်ပြီးကျန်တဲ့သူတွေကအကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်လွှဲကြတဲ့အတွက်ရှိတဲ့လူရှိတဲ့လက်နက်အင်အားနဲ့ကီလူးတို့နယ်ချဲ့ဗြိတိသျှတွေကိုဘယ်လိုတွန်းလှန်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့တော်လှန်ရေးဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။