FHD
Tad the Lost Explorer and the Emerald Tablet
Tadတစ်ယောက်ဟာ အံ့သြဖွယ်ရာရှာဖွေမှုတွေကို လုပ်ခဲ့ပေမဲ့ ကမ္ဘာကြီးကို မချပြနိုင်ခဲ့တဲ့အတွက်ကြောင့် လူတွေအမြင်မှာတော့ Tadဟာ အတွေ့အကြုံမရှိတဲ့လူညံ့တစ်ယောက်လိုဖြစ်နေခဲ့ပြီးတော့ သူ့ရဲ့အလွဲတွေကြောင့် ရှေးဟောင်းသုတေသနအဖွဲ့ကနေလဲ အထုတ်ခံလိုက်ရခဲ့တယ်။နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်ဖြစ်ချင်တဲ့Tadတစ်ယောက်ဟာ ပရော်ဖက်ဆာVitoriaအကူအညီနဲ့ ပျောက်ဆုံးနေတဲ့ emerald tabletတစ်ခုကိုရှာဖွေဖို့ကြိုးစားနေရင်း သူ့သူငယ်ချင်း Mummyဟာ ကျိန်စာမိသွားခဲ့ရပါတယ်။ဒီကျိန်စာကို ဖျက်ဖို့အတွက် emerald tabletကိုရှာဖွေဖို့ကြိုးစားနေရင်းမှာပဲ ရှေးဟောင်းအနုပညာလက်ရာတွေကို မတော်မဆဖျက်စီးမိလိုက်တဲ့အတွက် ရဲတွေကလဲ Tadကိုလိုက်လံဖမ်းစီးနေခဲ့တယ်။Tadတစ်ယောက် သူ့သူငယ်ချင်း Mummyရဲ့ကျိန်စာကို ဖျက်နိုင်ပြီးတော့ သူမျှော်လင့်ထားသလို နာမည်ကြီး ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။