သားဖြစ်သူ အလိဖ်ဆီမှာ စွဲကပ်နေတဲ့ နတ်ဆိုးကို နှင်ဖို ကြိုးစားရင်း အလိဖ်သေဆုံးသွားတဲ့အတွက် ထောင်ကျသွားတဲ့ နတ်ဆရာ ကွာဒ်ရတ်၊ သူ့ဆီ ထောင်ဝင်စာအကြိမ်ကြိမ်လာတွေ့ရင်းက နတ်ဆိုးကြောင့် ကွာဒ်ရတ်သေဆုံးတာကို မြင်ခဲ့ပြီး သွေးပျက်သွားရသူ အဇီဇာ၊ ဆေးကုသမှု ခံယူပြီး အဇီဇာတစ်ယောက အထည်စက်ရုံမှာ လုပ်ကိုင်နေခဲ့ရင်း တစ်နေ့ သူ့သူငယ်ချင်း မူရ်နီပါ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ရာက စက်ရုံမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ပေါ်လာခဲ့ပါတယ်။ နတ်ဆိုးကြောင့် သေပြီဟု သိထားခဲ့သူ ကွာဒ်ရတ်ဟာ ထောင်ထဲမှာ ကံကောင်းစွာ ပြန်ရှင်လာခဲ့ပြီး ထောင်မှ ထွက်ချိန်မှာ သူပညာသင်ခဲ့တဲ့ ဇာတိကို ပြန်သွားခဲ့ပါတယ်။ သူ့ဇာတိကို ပြန်ရောက်ချိန်မှာ မထင်မှတ်တဲ့အနှောင့်အယှက်များစွာနဲ့ ရှင်းပြရန်ခက်ခဲ့တဲ့ကိစ္စတွေ ကြုံနေကြတဲ့ဒေသခံတွေအပေါ် ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲဆိုတာ...