Love Switch HD

Love Switch

Comedy Family Fantasy Romance HD 2024-07-09 6.2 89 Min

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေအတွက် Romance comedy family drama အမျိုးအစား ဇာတ်ကားလေးတစ်ကားကို ယူဆောင်လာပါပြီ။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ John Lyde က ရိုက်ကူးထားပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Melanie Stone, Chris Reid, Scarlett Hazen စတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂျိမ်းစ်နဲ့မီရှဲလ်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့အတွက် ကွာရှင်းခါနီးအခြေအနေကို ရောက်နေကြပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ ၁၃ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်း လဲသွားကြပါတော့တယ် တစ်ယောက်ရဲ့နေ့စဉ်ဘဝကို နောက်တစ်ယောက်ကဖြတ်သန်းရင်း အချင်းချင်း နားလည်မှုတွေ စာနာစိတ်တွေ တိုးလာကြပြီးတော့ ဒီလိုခန္ဓာကိုယ်ချင်းလဲသွားတဲ့ကိစ္စကို အလွဲတွေကြားထဲကနေ ဖြေရှင်းဖို့ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအသွားကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ Romance ဇာတ်ကားလေးဖြစ်ပါတယ်။