The Long Ballad, Love like the Galaxy စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပျိုမေလေးတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မင်းသားချောWu Leiနဲ့ Zhu Yi Long မမNi Ni တို့ရဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Dong Ji Rescue ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အပြင်လက်တွေ့ဘဝမှာလဲစွန့်စားရတာကြိုက်တဲ့Wu Lei ဟာ ဒီဇာတ်ကားမှာလဲ တံငါရွာလေးက ပင်လယ်ရေမှာကျွမ်းကျင်တဲ့ကျွန်းသားလေးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီးတော့ Zhu Yi Longနဲ့ Ni Niတို့ရဲ့သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ အင်္ဂလိပ်စစ်သုံ့ပန်းအပြည့်တင်လာတဲ့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးဟာ တရုတ်နိုင်ငံကျိုးရှန်းကျွန်းစုအနီးမှာ ထိခိုက်သွားပြီး နစ်မြှုပ်နေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ တစ်ထောင်ကျော်တဲ့အင်္ဂလိပ်စစ်သုံ့ပန်းတွေကို ဂျပန်တွေကပိတ်လှောင်ထားပါတယ်။မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ တုံးကျိကျွန်းလေးပေါ်က တံငါသည်တစ်စုက ဂျပန်တွေနဲ့ခြိမ်းခြောက်မှုကိုဂရုမစိုက်ပဲ သတ္တိရှိရှိနဲ့အရှေ့ကိုထွက်လာခဲ့ပါတယ်။ သူတို့အရိုးထဲမှာစွဲနေတဲ့ ကြင်နာမှု၊ရိုင်းစိုင်းမှုနဲ့ သွေးဆာမှုတွေနဲ့ လှိုင်းလုံးတွေကြားမှာ ဒုက္ခရောက်နေတဲ့ စစ်သုံ့ပန်းတွေအတွက် အသက်ရှင်ဖို့လမ်းကြောင်းတစ်ခုကိုဖွင့်ပေးခဲ