Kaamelott: The First Chapter FHD

Kaamelott: The First Chapter

Comedy Fantasy Adventure FHD 2021-07-21 6.69 120 Min

ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့် ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ် ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာ အာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ကမ်မလော့ ကို သိမ်းပိုက်ပြီး အာသာရဲ့ အရင်က မိတ်ဆွေတွေနဲ့ မဟာမိတ်တွေကို မညှာမတာ လိုက်ဖမ်းပါတော့တယ် အာသာကလည်း လန်စီလော့ရဲ့ ဒေါသကနေ လွတ်မြောက်ဖို့အတွက် ရောမမှာ ပုန်းရှောင်နေပါတော့တယ် ပြည်သူတွေဟာလည်း လန်စီလော့ရဲ့ အုပ်ချုပ်မှု ကို ငြင်းဆန်ပြီး ဘုရင်အာသာပြန်လာမှာကိုပဲ မျှော်နေကြပါတယ် လန်စီလော့နဲ့ သူ့ရဲ့ ဆက်ဇွန်လူမျိုး ကြေးစားသမားတွေက နိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်နေကြ တဲ့အတွက်ပါပဲ အဲ့လိုနဲ့ ရောမမှာ ပုန်းနေတဲ့ ဘုရင်အာသာဟာလည်း လန်စီလော့နဲ့ သူ့ရဲ့ စစ်တပ်ကို တိုက်ခိုက်ဆန့်ကျင်ဖို့အတွက် ပြန်လာပါတော့တယ်