Tokyo Revengers FHD

Tokyo Revengers

Action Drama FHD 2021-07-09 7.9 120 Min

Takemichi Hanagakiဟာ ရှုံးနိမ့်မှု​တွေများစွာနဲ့ ဘဝကိုရင်ဆိုင်ဖြတ်သန်း​နေရသလိုဘဝရဲ့လက်စွဲ​ဆောင်ပုဒ်ဟာလည်း “​တောင်းပန်ပါတယ်” လို့ဆိုရတဲ့အထိ လူတကာကို ​​​အောက်ကျို့၊ ပြဿနာ​ပေါင်းစုံကို ဖြတ်သန်း​နေရသူပါ၊ ဘာဆိုဘာမှ အဆင်မ​ပြေခဲ့တဲ့သူ့ဘဝမှာ ရှားရှားပါးပါး ချစ်သူ​လေးတစ်​​​ယောက်​တော့ ရှိခဲ့ဖူးပါတယ်၊ သူမက Hinata Tachibanaပါ၊ ချစ်ခဲ့ဖူးသူ Hinataတစ်​ယောက်ဟာလည်း ​မောင်ဖြစ်သူ Naota Tachibanaနဲ့အတူ Tokyo Manjiဂိုဏ်းနဲ့ တခြား Yazukaဂိုဏ်း တစ်ခုရဲ့ပဋိပက္ခကြား ပဲ​လှော်ကြားဆားညပ်ရင်း ​သေဆုံးသွားပါတယ် ဘဝကလည်း အဆင်မ​ပြေ၊ ချစ်ဖူးသူကပါ ​လောကမှာမရှိ​တော့တဲ့ Takemichiအ​နေနဲ့ စိတ်ဓါတ်ကျစွာ ​မြေ​အောက်ရထားဘူတာမှာ သွားခို​နေရင်း ရုတ်တရက် ရထားဆိုက်ခါနီးကမှ ရထား​ပြေးလမ်း​ပေါ် တွန်းချခံလိုက်ရပါတယ်၊ ရထားတိုက်လုဆဲဖြစ်တဲ့အချိန်မှာပဲ ပ​ဟေဠိဆန်စွာ လွန်ခဲ့​သော၁၀နှစ် အထက်တန်း​ကျောင်းသား ဆိုး​ပေလူမိုက်လုပ်ခဲ့ဖူးတဲ့ အချိန်ကာလကို ပြန်​ရောက်သွားခဲ့ပါတယ်