ရိုစီတို့ မောင်နှမဟာ အင်္ဂလန်နိုင်ငံသားတွေဖြစ်ပြီး အာဖရိကဒေသတွေမှာ သာသနာပြုနေကြပါတယ်။ ချာလီကတော့ လှေတစ်စီးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ပြီး ရိုစီတို့ မောင်နှမနဲ့ခင်မင်ရင်းနှီးသူတစ်ယောက်ပါ။တရက်မှာ ပထမကမ္ဘာစစ်မီး အာဖရိကကို ကူးစက်လာခဲ့တာကြောင့် ရိုစီရဲ့အစ်ကိုဖြစ်သူ ဘုန်းတော်ကြီးဟာ သေဆုံးသွားခဲ့ပါတယ်။အဲဒီကနေ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ ရိုစီကို ချာလီက လှေနဲ့ခေါ်ပြီး အတူတူစစ်ရှောင်ကြပါတယ်။ အဲဒီကနေ ရိုစီက မျိုးချစ်စိတ်တွေ တဖွားဖွားပေါ်လာပြီး ဂျာမန်စစ်သင်္ဘောကိုဒုံးကျည်နဲ့ဆော်ဖို့ ချာလီကို ပူဆာပါတယ်။အာဖရိကဧကရီလို့ အမည်ရတဲ့ လှေကလေးနဲ့ ဂျာမန်တွေရဲ့ သင်္ဘောကြီးကို အခက်အခဲတွေကြားကနေ ဖျက်ဆီးနိုင်မလား? သူတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်သွားမလဲ?ဇာတ်ကားနဲ့အတူ ခံစားဖို့ တိုက်တွန်းလိုက်ရပါတယ်။