အခုတစ်ခါမှာတော့ အသစ်စက်စက်ထွက်ရှိလာတဲ့ Beast of Warဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ရဲ့စစ်ပွဲနောက်ခံ Survival Horror အမျိုးအစားဖြစ်တာကြောင့်မို့လို့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကမထဘဲအဆုံးထိကြည့်ချင်မယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။၁၉၄၂ ခုနှစ်မှာ ဩစတြေးလျ စစ်သားတွေဟာ တီမောပင်လယ်ကိုဖြတ်ပြီး စစ်မြေပြင်ဆီကို သင်္ဘောနဲ့ ခရီးထွက်ခဲ့ကြပါတယ်။ သင်္ဘောပေါ်မှာလီယိုဆိုတဲ့ဒေသခံ သြစတြေးလျစစ်သားတစ်ဦးပါဝင်ပြီး သူဟာတပ်သားအချင်းချင်းကြားလူမျိုးရေးခွဲခြားအနိုင်ကျင့်မှုတွေကို ခံနေရသူတစ်ယောက်ပါ...လီယိုတို့ရဲ့ သင်္ဘောဟာ လမ်းတစ်ဝက်မှာပဲဂျပန်တိုက်လေယာဉ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကိုခံရပြီးနစ်မြုပ် သွားခဲ့ပါတယ်။လီယိုအပါအဝင်အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ စစ်သားအနည်းငယ်ဟာ ပင်လယ်ထဲကသင်္ဘောပျက်အပိုင်းအစပေါ်မှာခိုအောင်းရင်းကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြရပါတယ်။အဲဒီအချိန်မှာပဲသူတို့အတွက် လူရန်သူတွေထက်ပိုမို ကြောက်စရာကောင်းတဲ့ ရန်သူတစ်ကောင် ပေါ်လာပါတယ်။ အဲဒါကတော့ သွေးဆာနေတဲ့ ငါးမန်းဖြူကြီးတစ်ကောင်ဖြစ်ပြီး ဒဏ်ရာရထားတဲ့စစ်သားတွေကိုတစ်ယောက်ပြီးတစ်ယောက် လိုက်လံတိုက်ခိုက် သတ်ဖြတ်ပါတော့တယ်။ကူရာကယ်ရာမဲ့နေတဲ့လီယိုတို့စစ်သားတစ်စု ပင်လယ်ပြင်ကြီးထဲမှာ အဲဒီငါးမန်းကြီးရန်ကနေလွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့.......