၁၉၈၁ခုနှစ်၊ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SADF)နဲ့ နမ်ဘီယာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLAN)တို့ ကြားဖြစ်ခဲ့တဲ့တောင်အာဖရိကနယ်စပ်စစ်ပွဲကိုအခြေတည်ရိုက်ထားတဲ့ကားပါ။ အဲ့အချိန်က ကွန်မြူနစ်စနစ်ကိုမုန်းတီးမှု၊ LGBTခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကိုရိုက်ပြထားပါတယ်။ စစ်မှုထမ်းဖို့တာဝန်ကျလို့ထွက်လာတဲ့ နီကိုးလပ်ဗန်ဒါဆွတ်ဆိုတဲ့ Homoကောင်လေးတစ်ယောက်….လိင်တူချစ်သူတွေကိုလက်မခံပဲတွေ့တာနဲ့ အပြင်းအထန်အပြစ်ပေးတတ်ပြီး လူမျိုးရေး ခွဲခြားတတ်တဲ့ တပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဒီလိုတပ်ထဲမှာ သူတာဝန်ထမ်းရမယ့်ကာလက နှစ်နှစ်…ဓီနှစ်နှစ်ဆိုတဲ့ကာလမှာ ရက်စက်ပြင်းထန်လှတဲ့တပ်ထဲသူ့အနေနဲ့အဆင်ပြေပြေကျော်ဖြတ်နိုင်မှာလား… ကြမ်းတမ်းရက်စက်လှတဲ့ဒီနယ်ပယ်မှာသူ ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကြည့်ရှုရမှာပါ။