ဂျူနီပါဆိုတဲ့ ကောင်မလေးက ငယ်ဘဝကတည်းက စာအုပ်တွေကို အရမ်းသဘောကျပြီး ကြီးလာတဲ့အခါမှာလည်း စာရေးဆရာမ ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ဘဝရဲ့ ရိုက်ခတ်မှုတွေကြောင့် ဝါသနာမပါတဲ့ အယ်ဒီတာအလုပ်နဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေခဲ့ရပါတယ်။ ဒီလိုနဲ့ အလုပ်ဖိအားတွေ တဖြည်းဖြည်းများလာပြီး သူ့ကိုယ်သူ ပျောက်ဆုံးလာသလိုဖြစ်လာပါတော့တယ်။အဲဒီအချိန်မှာ သူ့ရဲ့ ၈ နှစ်သမီးအရွယ်တုန်းက ကလေးလေးကို မြင်လာရပြီးတော့ သူ့ကိုယ်သူ ပြန်ပြီး မေးခွန်းထုတ်မိလာပါတော့တယ်။ အဲဒီလိုနဲ့ပဲ ပန်းချီဆရာတစ်ယောက်နဲ့လည်း ဆုံခဲ့ပြီးတော့ ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ရုပ်ပြ ကလေးဖတ်ဇာတ်လမ်းစာအုပ်ရေးဖို့အတွက် ပြန်ပြီး လမ်းစပွင့်လာပါတော့တယ်။ ဂျူနီပါတစ်ယောက် ဘဝမှာ ဘယ်လိုစိန်ခေါ်မှုတွေကို မြင်တွေ့ရမလဲ..သူမဘဝရဲ့ အလှည့်အပြောင်းက ၈ နှစ်အရွယ်သူမနဲ့ ပြန်ဆုံတွေ့ပြီးနောက် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုကြရမှာပါ။