The Soccer Football Movieဇာတ်ကားမှာတော့ Ol Dangတို့အဖွဲ့က ပိုးမွှားရှင်းလင်းပေးတဲ့ အဖွဲ့ဖြစ်ပြီးတော့ သူတို့idolတွေဖြစ်တဲ့ Zlatanနဲ့ Meganတို့ ကစားပွဲကို ကြည့်ရဖို့ လက်မှတ်အတွက် ငွေစုနေကြပေမဲ့ လက်မှတ်တွေက ရောင်းကုန်သွားတာကြောင့် စိတ်ဓာတ်ကျနေခဲ့တာဖြစ်တယ်။အဲ့အချိန်မှာ Zlatanနဲ့ မထင်မှတ်ဘဲတွေ့ဆုံကာ သူတို့အဖွဲ့ကို Zlatanက လက်မှတ်ပေးမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့လက်မှတ်မရခင်မှာဘဲ ဘောလုံးထဲက ထွက်လာတဲ့ ခရုစိမ်းတစ်ကောင်ကြောင့် Zlatanတစ်ယောက်ဟာ ကြောက်စရာအကောင်ကြီးအဖြစ်အသွင်ပြောင်းသွားခဲ့တော့တယ်။Ol Dangတို့အဖွဲ့ကတော့ သူတို့Idol ကို ကယ်တင်နိုင်ဖို့အတွက် နည်းလမ်းရှာရပါတော့တယ်။Ol Dangတို့လူငယ်လေးအဖွဲ့ဟာ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကြီးအဖြစ် အသွင်ပြောင်းသွားတဲ့ Zlatanကို ကယ်ဆယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။