The Boarding School Murders FHD

The Boarding School Murders

Thriller TV Movie FHD 2024-01-14 5.9 86 Min

ဒီရုပ်ရှင်ထဲက Limoux ဘော်ဒါဆောင်ဟာ ဥရောပတစ်ခွင်မှာ အလွန်ကိုမှ နာမည်ကျော်ကြားတဲ့ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးသီးသန့် ထိပ်တန်းဘော်ဒါကျောင်းတစ်‌ေကျာင်းပါ။ အဓိကဇာတ်ကောင် ဖရန့်ကီကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး သာမန်လူလတ်တန်းစားဖြစ်ပေမဲ့ကျောင်းစာကြိုးစားလို့ အဆင့်ကောင်းတွေပဲအမြဲ‌ရနေသူပေါ့။ အဲဒါအပြင် ဖရန့်ကီဟာ Limoux ဘော်ဒါကျောင်းရဲ့ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားခဲ့ရာမှာဝင်ခွင့်ရရှိခဲ့ပါတယ်။နိုင်ငံတကာက လူကုံထံ အထက်တန်းစား ထိပ်သီးမိဘတွေရဲ့ သမီးတွေချည်းပဲ တက်ရောက်ကြတဲ့Limoux ကျောင်းကြီးဟာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ကီအတွက်တော့ အိပ်မက်ကျောင်းတော်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဖရန့်ကီ အဲဒီကျောင်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျောင်းသူတွေထဲကပျားဘုရင်မလို့တင်စားကြတဲ့ သူဌေးသမီးလေး တင်စလီက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ဘော်ဒါ‌ကျောင်းရဲ့ ရာစုနှစ်နဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ မတော်တဆမှုတစ်ခုတလေမှမဖြစ်ခဲ့ဖူးပါဘဲကျောင်းသူသစ် ဖရန့်ကီရောက်လာမှ လူသေမှုဖြစ်တဲ့အခါ ဖရန့်ကီဟာ အားလုံးရဲ့ သံသယဝင်ခြင်းကိုခံရပါတော့တယ်။ အဲဒါအပြင် ဖရန့်ကီက စတိုးဆိုင်က‌ေန ပစ္စည်းအလစ်သုတ်ဖူးတဲ့ ပြစ်မှုဟောင်းလည်းရှိနေပြီး အဖေဖြစ်သူကလည်း စိတ်ကျန်းမာရေးဆေးရုံတက်နေရတာဆိုတော့ ပိုလို့တောင် သံသယဝင်ကြတော့ပေါ့။ ဒါပေမဲ့ တင်စလီရဲ့ သေဆုံးမှုတင် မကဘဲ နောက်ဆက်တွဲအမှုတွေပါ ဆက်ဖြစ်လာတဲ့အခါ ဖရန့်ကီကိုယ်တိုင် သူ့နည်းသူ့ဟန်နဲ့ အမှုမှန်ကိုဖော်ထုတ်ဖို့ကြိုးပမ်းပါတော့တယ်။ကဲ... ဒီတော့ လူသတ်တရားခံကဘယ်သူလဲ၊ Limoux ကျောင်းကြီးမှာ ဖြစ်ပျက်နေတဲ့ အမှုတွေကရော ထင်သလောက်ရိုးရှင်းပါ့မလား....အမှုမှန်ကိုဖော်ထုတ်သွားနိုင်မလားဆိုတာတွေကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။