Thalli Pogathey FHD

Thalli Pogathey

Comedy Romance FHD 2021-12-24 5.667 129 Min

ကာတစ်နဲ့ ပါလဗီက အပြန်အလှန် မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ အိန္ဒိယတို့ရဲ့ ရိုးရာဓလေ့အရ အရွယ်ရောက်နေတဲ့ သမီးပျိုကို အိမ်ထောင်ချပေးဖို့ ပါလဗီရဲ့မိဘတွေက စီစဥ်ကြတဲ့အခါ။အခုမှ ကောလိပ်ကဘွဲ့ရခါစ ကာတစ်က သူ့ချစ်သူကို မပြည့်စုံတဲ့ ဘဝထဲ ဆွဲမခေါ်ရက်ရှာပါဘူး။ ဒီတော့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပါလဗီဆီက တောင်းခဲ့ပါတယ်။ ကိစ္စတိုင်းက ကိုယ်မျှော်လင့်သလိုတော့ ဖြစ်မလာနိုင်တာ သဘာဝပဲမို့လားဗျာ။ သူပြည်ပရောက်နေတဲ့ အချိန်မှာ မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့ ပါလဗီက အာရွန်းနဲ့လက်ထပ်ခဲ့ရပါတယ်။” သူများနဲ့ညား ငါ့ရည်းစား ” ဆိုသလိုပါပဲ ချစ်ရသူကို သူတစ်ပါးရင်ခွင်ထဲ ထည့်လိုက်ရတဲ့ ကာတစ်ခမျာ အရူးတပိုင်း အရက်သမားလုံးလုံးဖြစ်ပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုမှာ သူတို့ ၃ ယောက် တစ်အိမ်တည်းတူတူနေရဖို့ဖြစ်လာပါတယ်။