အချိန်နဲ့ပတ်သတ်တဲ့စွမ်းအားတွေရှိတဲ့ညီအစ်မနှစ်ယောက်နဲ့သူငယ်ချင်းတွေဟာသူတို့အဖိုးရဲ့အိမ်တော်ကြီးကိုတစ်နှစ်တစ်ခါလာလည်ပတ်လေ့ရှိပါတယ်။ ဒါပေမယ့်သူတို့တွေကသူတို့ကိုယ်သူတို့အဲ့ဒီစွမ်းအားတွေရှိနေမှန်းတော့သိမနေခဲ့ပါဘူး။ တစ်နေ့တော့သူတို့ရဲ့အဖိုးဖြစ်သူပေးတဲ့စာအုပ်တစ်အုပ်ကိုဖတ်ကြည့်လိုက်ပြီးတံခါးတစ်ခုကနေဖြတ်သွားလိုက်တဲ့အချိန်မှာသူတို့လုံးဝကိုမသိတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်ပြန်ထွက်ဖို့အတွက်သလင်းကျောက်သုံးခုကိုပေါင်းစပ်ပြီးလုပ်ထားတဲ့သော့ကိုလိုအပ်တဲ့အတွက်အဲ့ဒီသလင်းကျောက်တွေကိုရှာဖွေပြီးအိမ်ကိုပြန်နိုင်ဖို့အတွက်ကြိုးစားကြတဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။