Tari Sathe FHD

Tari Sathe

Drama FHD 2021-10-15 7 119 Min

တစ်ခါတလေတော့ အချစ်ကို ကျွန်တော်တို့တိုင်းတာတဲ့စံနှုန်းတွေဟာ တော်တော်ညှိရခက်သား။ အဲလိုညှိရနှိုင်းရခက်လာတိုင်း ခေတ်သစ်၊ စနစ်သစ်ကြီးရဲ့သဘောလို ကွဲကြပြတ်ကြမလား၊ ပြန်လည်ငြိမ်းချမ်းရေးယူမလားကတော့ လူတစ်ဦးနဲ့တစ်ယောက်ချင်း၊ အတွဲတစ်တွဲနဲ့တစ်တွဲချင်း တစ်ထပ်တည်းတော့ကျနိုင်မယ်မထင်ပါဘူး။ တစ်ခါတလေမှာ ယောက်ျားလေးဖက်ကချည်း တစ်ဖက်သတ်ဆွဲထားရတာမျိုးတွေတွေ့နိုင်သလို၊ တစ်ခါတလေကျပြန်တော့လည်း မိန်းကလေးဖက်ကချည်း တစ်ဖက်သတ် ခြေစုံကန်ထားရတာမျိုး၊ တစ်ခါတလေကျပြန်တော့လည်း နှစ်ဦးနှစ်ဖက် ကတောက်တဆညီတူညီမျှဖြစ်ရင်း သူ့အတ္တ၊ ကိုယ့်မာနပြိုင်ကြတာမျိုးတွေပေါ့။ ဘဲပစ်မလေးတွေပါ ကြည်နူးရမယ့် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံရဲ့ Gujarat စကားပြော ဇာတ်ကားလေးဖြစ်ပြီး အကအလှရိုမန့်တစ်တွေနဲ့မို့  ကြည့်ပျော်မယ့်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။