Indemnity FHD

Indemnity

Action Crime Thriller FHD 2022-02-11 6.9 124 Min

အလုပ်အပေါ်သစ္စာရှိသူ တာဝန်သိမီးသတ်တပ်မှူး သီယိုဟာ အကြီးစား မီးလောင်မှုတစ်ခုမှာ သူ့ရဲ့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက်ကြောင့် သူငယ်ချင်းနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်ဒဏ်ရာခံစားနေရသူဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေအတွက် အခမဲ့ကုသပေးနေတဲ့ စိတ်ဒဏ်ရာ ရောဂါကုဆေးခန်းတစ်ခုမှာ ကုသမှုခံယူပေမယ့် စိတ်ဒဏ်ရာကသက်သာမလာတဲ့အပြင် .. တစ်နေ့မနက်မှာတော့ မိန်းမဖြစ်သူကို မိမိဘေးမှာ လဲလျောင်းသေဆုံးနေတာတွေ့လိုက်ရပြီး အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သူသွားသမျှနောက်ကို အဖွဲ့အစည်းတစ်ခုကနေလိုက်နေပြီး သီယိုနဲ့တွေ့ခဲ့သမျှလူတွေဟာလည်း အသတ်ခံရတဲ့အတွက် တစ်နေ့တည်းမှာတင် အစုလိုက်အပြုံလိုက်သတ်သူ အန္တရာယ်ရှိဝရမ်းပြေးဖြစ်သွားရပြန်ပါတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာလည်း အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ လူမျိုးရေးခွဲခြားမှုနှင့်အတူ နိုင်ငံရေးလှည့်ကွက်အကြီးစားကြီးတစ်ခုပါဝင်နေပါတယ်။