အမျိုးသမီးတစ်ယောက်ဟာ မိခင်ဘဝစတင်တဲ့အချိန်မှာ Postpartum Depressionလို့ခေါ်တဲ့စိတ်ကျရောဂါတစ်မျိုးကိုရင်ဆိုင်ရတတ်ပါတယ် ...အမျိုးသမီးတိုင်းမဟုတ်ပေမယ့် တစ်ချို့သောအမျိုးသမီးတွေမှာတော့ ဒါဟာတော်တော်ဆိုးဆိုးရွားရွားရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။ အခုတင်ဆက်ပေးမယ့် Momဆိုတဲ့ဇာတ်ကားလေးဟာဒီအကြောင်းအရာကို အခြေခံပြီးရိုက်ကူးထားတဲ့လျှို့ဝှက်သည်းဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။မားရက်ဒစ်ဟာ ပထမဆုံးသားဦးလေးကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ပါ...မားရက်ဒစ်နဲ့ဂျရက်တို့ဇနီးမောင်နှံနှစ်ယောက် သားလေးဖြစ်တဲ့အဲလက်စ်ကိုမွေးဖွားပြီးကစက ပျော်ပျော်ရွှင်ရွှင်အိမ်ကိုပြန်လာခဲ့ကြပေမယ့် နောက်ပိုင်းမှာမားရက်ဒစ်ဟာအထက်ကပြောခဲ့တဲ့ စိတ်ကျရောဂါကိုတဖြည်းဖြည်းရင်ဆိုင်လာရပါတယ်။ဒီရောဂါကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အဓိကကဒီဇာတ်ကားဟာPsychological Horrorဇာတ်ကားမျိုးဖြစ်ပြီး သမားရိုးကျသရဲကားပုံစံမဟုတ်ဘဲစိတ်ဒဏ်ရာကိုအသားပေးရိုက်ကူးထားလို့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့်မဖြစ်မနေကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ....