Western ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် 1862 ခုနှစ်ကဖြစ်ရပ်မှန်သမိုင်းကို အခြေခံထားတဲ့ "The Dakota War: Chase" ဇာတ်ကားထွက်ရှိလာပါပြီ။မီနီဆိုတာမြစ်ဝှမ်းမှာ ဒါကိုတာတိုင်းရင်းသားတွေနဲ့ အမေရိကန်အစိုးရကြား ခြောက်ပတ်ကြာဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့စစ်ပွဲအပြီးမှာတော့...မီနီဆိုတာကနေ နှင်ထုတ်ခံခဲ့ရတဲ့ ဒါကိုတာလူမျိုးစုတွေဟာ လစ်တဲလ်ခရိုး (Little Crow) ရဲ့ ဦးဆောင်မှုနဲ့အတူ ဒါကိုတာနယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ဒါပေမဲ့ မီနီဆိုတာအုပ်ချုပ်ရေးမှူးရမ်ဆေးကတော့ ဒီအတိုင်းကျေနပ်မနေဘဲ လစ်တဲလ်ခရိုးနဲ့ သူ့လူတွေကို အပြစ်ပေးဖိုအတွက် ဗိုလ်ချုပ်ဆစ်ဘလေ (General Sibley) ကို စစ်တပ်ကြီးတစ်ခုနဲ့အတူ ဒါကိုတာနယ်မြေထဲကို စေလွှတ်လိုက်ပါတော့တယ်။ သူတိုရဲ့အဓိကရည်မှန်းချက်ကတော့ မီနီဆိုတာအလယ်ပိုင်းဒေသက ဒါကိုတာလူမျိုးစုအားလုံးကို အပြီးတိုင်မျိုးပြုတ်သုတ်သင်ရှင်းလင်းဖိုပါပဲ။သမိုင်းရဲ့ ကြေကွဲစရာအစိတ်အပိုင်းတစ်ခုကို ပြန်လည်အသက်သွင်းထားတဲ့ Western-Action Vibe ကို အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။