HD
Citizen Toxie: The Toxic Avenger IV
အထူးလိုအပ်ချက်ရှိကလေးများအတွက် စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းထားတဲ့အတွက် တော့စီက ကလေးတွေကိုဝင်ကယ်ပေးရင်း တခြားဒိုင်မန်းရှင်းထဲကို ရောက်သွားပါတယ်။ အဲဒီဒိုင်မန်းရှင်းမှာက တော့စစ်အဗန်ဂျာမဟုတ်ဘဲ နော့ရှက်စ်အော်ဖန်ဒါဆိုပြီး လုံးဝကိုဆိုးသွမ်းတဲ့ပုံစံတူ တစ်ဦးရှိပါတယ်။ ကမ္ဘာနှစ်ခုမှာ ပြင်းအားတူတဲ့ပေါက်ကွဲမှုတစ်ခု တပြိုင်နက်တည်း ဖြစ်ပေါ်လာတဲ့အတွက် နှစ်ယောက်သားက တစ်ယောက်ရဲ့ကမ္ဘာထဲ တစ်ယောက် ဝင်သွားခဲ့ပါတယ်။ တော့စီက ဆိုးဝါးတဲ့ကမ္ဘာထဲဝင်သွားတဲ့အခါ သူ့ထုံးစံအတိုင်း ရာဇဝတ်မှုတွေကို လိုက်လံနှိမ်နင်းပေးပေမယ့်လို့ သူချစ်မြတ်နိုးရတဲ့ ထရွန်မာဗီလ်ကတော့ နော့စီကြောင့် မြို့သားတိုင်း ကျီးလန့်စာစားရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒီတော့ တော့စီတစ်ယောက် သူ့ရဲ့ကမ္ဘာဆီ၊ သူ့ရဲ့ချစ်သူဆီကို ပြန်နိုင်မလား။ ထရွန်မာဗီလ်ကရော ဘယ်လောက်အတိုင်းအတာထိ ပျက်စီးသွားဦးမှာလဲ။