ဗီရိုကာ လို့ခေါ်တဲ့ စိတ်ကူးယဉ်ကမ္ဘာမှာ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေဟာလူသားတွေကို ဒုက္ခပေးနေကြပြီး ရီမန်နီ ဘုရင့်နိုင်ငံမှာတော့ အရိုးနတ်ဆိုးလို့ခေါ်တဲ့ ရှေးဟောင်းမိစ္ဆာကြီးဟာ နှစ်ပေါင်းများစွာနိုင်ငံကိုဒုက္ခပေးနေပါတယ်။ ရီမန်နီ နိုင်ငံက အတော်ဆုံးတပ်ဖွဲ့တွေကိုအခါခါလွှတ်လည်း မိစ္ဆာကြီးကို မသုတ်သင်နိုင်တာကြောင့်ဘုရင် ဆင်မြူရယ် ဟာဒီမိစ္ဆာကြီးကို နှိမ်နင်းဖို့အတွက် ပျောက်ဆုံးနေသောဓားသွားအဖွဲ့လို့ခေါ်တဲ့ က အတော်ဆုံး မိစ္ဆာမုဆိုးအဖွဲ့ကို ငှားရမ်းခဲ့ပါတယ်။ဒီမုဆိုးတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုအားလုံးကို အသုံးပြုပြီးဒီရှေးဟောင်းမိစ္ဆာကြီးကို ဖျက်ဆီးဖို့ကြိုးစားကြရင်းနောက်ပိုင်းမှာဘာတွေဆက်ဖြစ်လာပြီး သူတို့နှိမ်နှင်းမယ့်အရိုးနတ်ဆိုးကရော ရီမန်နီ နိုင်ငံနဲ့ ဘယ်လိုပတ်သတ်နေမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါ။